နိုင်ငံကျော် သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol ရဲ့ Season 3 အစီအစဉ်သစ်မှာ Ooredoo မှလည်း တရားဝင်ဆက်သွယ်ရေးမိတ်ဖက်အဖြစ် ကူညီပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။

play

 

၂၀၁၈ ခုနှစ်ဧပြီဒုတိယပတ် သင်္ကြန်ကာလအပြီးမှ စတင်ကာ ကျင်းပသွားမယ့် Season 3 အတွက် နာမည်ကြီးအဆိုတော်များဖြစ်တဲ့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့ မှ အကဲဖြတ် ဒိုင်လူကြီးများအဖြစ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး စုစုပေါင်း ၂၅ ပွဲ ကျင်းပသွားမှာပါ။ Myanmar Idol Season 3 ကို ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ မကွေးနဲ့ ပုသိမ်အပါအဝင် မြို့ ပေါင်း ၂၀ မှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Myanmar Idol Season 3 အတွက် ယခုလို ပူးပေါင်းမှုအပေါ် Ooredoo CEO ဖြစ်သူ Mr. Vikram Sinha မှ  “အူရီဒူးမြန်မာဟာဆိုရင် လူငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ်ဖြစ်တာကြောင့် မြန်မာလူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပံ့ပိုးပေးနိုင်မယ့် အခွင့်အရေးကို အမြဲရှာဖွေနေပါတယ်။ Myanmar Idol ဆိုတဲ့ လူသိများ နှစ်သက်တဲ့ အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်ရပါတယ်။ အခုဆိုရင် မြန်မာလူငယ်တွေအတွက် ထင်ရှားကျော်ကြားတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး မိမိရဲ့အရည်အသွေးကို သက်သေပြနိုင်မယ့် အချိန်အခါဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

Ooredoo ဟာ Myanmar Idol Season 3 ပွဲကာလတစ်လျှောက်လုံး ထူးထူးခြားခြား အစီအစဉ်များ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video