AD
AD
AD

မြန်မာနိုင်ငံ ကျေးလက်ဒေသများမှာ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန်အတွက် အော်ပရေတာများထံမှ ဝင်ငွေရဲ့ ၂% ကောက်ခံသွားမယ့် မဟာဗျူဟာမူကြမ်းတစ်ရပ်ရေးဆွဲနိုင်ခဲ့ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာမှ ကြေငြာလိုက်ပါတယ်။

play

 

ယင်းမဟာဗျူဟာစီမံကိန်းမူကြမ်းမှာ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရေး  ၅ နှစ်တာ အစီအစဉ်များ ထည့်သွင်းရေးဆွဲထားပြီး ထို ၅ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေးအော်ပရေတာများထံမှ ကန်ဒေါ်လာ သန်း ၁၂၀ ခန့် ကောက်ခံရရှိမယ်လို့ လည်း ခန့် မှန်းထားပါတယ်။ ယခုနှစ်ထဲမှာ စတင်သွားမယ့် ဒီစီမံကိန်းကို မြို့ နယ်ပေါင်း ၄၀ ကျော်မှာ စတင် အကောင်အထည်ဖော်သွားဖို့ုရှိပြီး ပြည်ထောင်စု အဝေးပြေးလမ်းမကြီး ၂၈ ခုပေါ်မှာ လိုအပ်နေသည့် ဆက်သွယ်ရေးကွန်ရက်ကို ရန်ပုံငွေနဲ့ အဓိက အကောင်ထည် ဖော်ဆောင်ရွက်သွားမယ်လို့ လည်း ဆိုပါတယ်။

ဆက်သွယ်ရေးအော်ပရေတာများအနေနဲ့ လူနေထူထပ်ပြီး ဈေးကွက်ကောင်းမွန်သည့် နေရာဒေသများမှာသာ မိုဘိုင်းလ်ကွန်ယက် တည်ဆောက်ထားတာကြောင့် ယခုလို ကျေးလက်ဒေသများမှာလည်း ဆက်သွယ်ရေးကွန်ရက်တည်ဆောက်နိုင်ဖို့ အော်ပရေတာာများထံမှ ငွေကြေးပြန်လည်ကောက်ခံတာလို့ လည်းဆိုပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ခန့် မှန်းချက်အရ စတုတ္ထမြောက် အော်ပရေတာအပါအဝင် အော်ပရေတာအားလုံးရဲ့ ကွန်ရက်ဖြန့် ကြက်မှုဟာ လာမယ့် ၂၀၁၉ မှာ လူဦးရေ ၉၄% ကျော် (သန်း ၅၀ ခန့် ) ကို လွှမ်းခြုံနိုင်မယ်လို့ လည်း သိရပါတယ်။

play

 

လက်ရှိမှာ ပြည်တွင်းရှိ လူဦးရေ ၂.၆ သန်းခန့် အနေနဲ့ ဆက်သွယ်ရေးကွန်ရက် မရရှိသေးဘူးတာကြောင့် အခုလို ကွန်ရက်အော်ပရေတာများထံမှ ရန်ပုံငွေနဲ့ ပို့ ဆောင်ဆက်သွယ်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန တည်ဆောက်သွားဖို့ စီစဉ်လိုက်တာလည်း ဖြစ်ပါတယ်။ ကွန်ရက်လွှမ်းခြုံမှုအရ Telenor ဟာ မြေပြင် ၄၂% နဲ့ လူဦးရေ ၈၇% ကို လွှမ်းခြုံထားပြီး Ooredoo ကတော့ မြေပြင် ၃၈% နဲ့ လူဦးရေ ၈၇% ကို လွှမ်းခြုံထားတယ်လို့ လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD