AD
AD
AD

ဂြိုလ်တုနည်းပညာဆိုင်ရာ ဖိုရမ်တစ်ရပ်ဖြစ်တဲ့ Myanmar Satellite Forum ကို လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ Novotel Hotel မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီဖိုရမ်ကို လေးကြိမ်မြောက် ကျင်းပမယ့် Communicast Myanmar 2017 အခမ်းအနားမှာ ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

play

 

“ဂြိုဟ်တုနဲ့ပတ်သက်တဲ့ပညာရှင်တွေ၊ အစိုးရပိုင်းဆိုင်ရာကတာဝန်ရှိသူတွေကိုဖိတ် ကြားထားပါတယ်၊ အရင်နှစ်တွေကလည်းဂြိုဟ်တုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆွေးနွေးခဲ့လို့ အကျိုးရလာဒ်တွေအများကြီးရခဲ့တယ်၊ ဒီမှာဝင်ရောက်ဆွေးနွေးကြတဲ့ပညာရှင်တွေဆီက ဂြိုဟ်တု ဆိုင်ရာနဲ့ပတ်သက်ပြီး အကျိုးရလာဒ်တွေရမယ်လို့မျှော်လင့်ပါတယ်” လို့ အခမ်းအနားကျင်းပပေးတဲ့ UBM Myanmar ရဲ့ အထွေထွေမန်နေဂျာ Mr. Fraser Hawkes ကပြောပါတယ်။

 

ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို အသုံးပြုပြီး အခွမ်းအလမ်းများစွာ ဖော်ဆောင်နိုင်သလို မြန်မာနိုင်ငံအနေအထားအရလည်း ဂြိုလ်တုကွန်ရက်ကနေ အခွင့်အလမ်းတွေ အများကြီး ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ သူက ဆိုပါတယ်။ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနဲ့ လမ်းကြောင်းများအကြောင်း ဆွေးနွေးသွားမယ့် CommuniCast 2017 Myanmar ကို နိုဝင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်နေ့ အထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD