ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များမှာ မနက် (၉)နာရီကနေ ညနေ(၅) နာရီထိ ကျင်းပသွားမှာပါ။

အိုင်စီတီ ကွန်ယက် ချိတ်ဆက်မှု၊ လုံခြုံရေးဆိုင်ရာ နည်းပညာ ကျွမ်းကျင်မှု များကို နိုင်ငံတကာ အဆင့်မီ အသုံးချလာနိုင်စေရန်၊ အနာဂတ် ကွန်ယက်စနစ်တွင် တွေ့ကြုံလာရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို  ပူးပေါင်းအဖြေရှာ ပြင်ဆင်နိုင်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် NetCon 2018 (Network, Security & Telecommunication) ကို ရန်ကုန်မြို့ Lotte Hotel တွင် ဒီဇင်ဘာလ (၁၈ ရက် နှင့် ၁၉ ရက်) များမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Photo: Duwun Tech

 

ဒီပွဲတွင် ပြောင်းလဲလာသော နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေး၊ ဈေးကွက်နှင့် အတူ တိုးတက်နေသော နည်းပညာ အသစ်အဆန်းများကို နိုင်ငံတကာနှင့် အညီ လေ့လာသိရှိနိုင်စေရန်၊ Network, Security, Telecom and ICT ပညာရှင်များမှ နည်းပညာသစ်များ၊ လေ့လာဆည်းပူးထားသော ဗဟုသုတများ၊ ဆောင်ရန် ရှောင်ရန်များကို မြန်မာ့ စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် နှစ်ရက်တိုင်တိုင် တင်ပြ ဆွေးနွေး ဖလှယ်ကြမည့်အပြင် နည်းပညာ ကုမ္ပဏီကြီးများရဲ့ Product များ၊ Solution များကို လက်တွေ့လေ့လာနိုင်မည့် Exhibition Area များ၊ Buyer Supplyer တွေ့ဆုံ ဆွေးနွေးနိုင်မည့် Matching Zone များ ပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ယခုနှစ်အတွက်အတွက် Theme ကို “Towards Digital Society” ဖြစ်ပြီး အနာဂတ် ဒစ်ဂျစ်တယ်လူမှု့ပတ်ဝန်းကျင် နဲ့ ပတ်သတ်သော နည်းပညာ များဦးတည်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်ရက်တာ အတွင်း Speaker ၂၃ ယောက်ကျော်မှ ဆွေးနွေးချက်များအပြင် အခြား စိတ်ဝင်စားစရာ Pannel Discussion တွေ ပါဝင်မယ်လို့ သိရပါတယ်။

Exhibition ကိုတော့ အခမဲ့ လာရောက်လေ့လာနိုင်မှာ ဖြစ်ပြီး Conference ပွဲ တက်ရောက်မယ်ဆိုပါက Ticket ဝယ်ယူတက်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ NetCon နဲ့ ပတ်သတ်သော အချက်အလက်များကို www.netconmyanmar.com ကနေ ကြည့်ရှု့နိုင်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က