နိုင်ငံတကာ ကွန်ဖရင့်ပုံစံနဲ့ကျင်းပသွားမှာပါ

"ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းဆီသို့" ခေါင်းစဉ်နဲ့ဆွေးနွေးအဖြေရှာသွားမယ့် NetCon 2018 ပွဲကို ရန်ကုန်မြို့Lottel Hotel မှာ ဒီဇင်ဘာ ၁၈ ၊ ၁၉ နှစ်ရက်တာ ကျင်းပသွားမယ်လို့ဆိုပါတယ်။

Photo: Duwun Tech

 

မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမယ့် NetCon 2018 ဟာ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာအခန်းကဏ္ဍ စနစ်တကျ တိုးတက်ဖွံ့ဖြိုးရေးအတွက် ICT နယ်ပယ်မှ ပညာရှင်များ ၊ အင်ဂျင်နီယာများနဲ့ကျောင်းသူကျောင်းသားများပါ တက်ရောက်ကာ အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးဖလှယ်ဖို့ကျင်းပလိုက်တာပါ။

ဒီပွဲမှာ ICT နယ်ပယ်မှ ပညာရှင် ၊ လုပ်ငန်းရှင်များ ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များ ၊ ဝန်ကြီးဌာနများ ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှ CIO များကနေ ICT နည်းပညာအကြောင်း ဆွေးနွေးသွားကြမယ်လို့ဆိုပါတယ်။

နှစ်ရက်ကြာမြင့်မယ့် NetCon 2018 ပွဲမှာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ products နဲ့solutions များကို လက်တွေ့လေ့လာနိုင်မယ့် ပြခန်းနေရာများ ၊ buyer-supplier တို့တွေ့ဆုံဆွေးနွေးနိုင်မယ့် Matching Zone များ ထည့်သွင်းသွားမှာပါ။ ပြပွဲကို အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပြီး conference ကိုတော့ လက်မှတ်ဝယ်ယူတက်ရောက်ရမယ်လို့ဆိုပါတယ်။

နိုင်ငံတကာ ကွန်ဖရင့်အနေနဲ့ကျင်းပသွားမယ့် NetCon 2018 မှာ data center solutions ၊ wireless communication ၊ cloud services ၊ blockchain စတဲ့ ခေါင်းစဉ်များနဲ့စပီကာပေါင်း ၂၀ ကျော်မှ ဆွေးနွေးသွားမှာပါ။

Share

Loading Next Article...
က္က