AD
AD
AD

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း MCPA ရဲ့ အသိအမှတ်ပြုစာမေးပွဲနှစ်ခု ဖြစ်တဲ့ Network Associate (NA) နဲ့ Network Professional (NP) တို့ ကို လာမယ့် ဒီဇင်ဘာလ ၁၇ ရက် ၊ တနင်္ဂနွေနေ့ မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

 

ဒီစာမေးပွဲများအတွက် နောက်ဆုံးစာရင်းပေးရမယ့် နေ့ ကတော့ ဒီဇင်ဘာလ ၁၄ ရက် ၊ ကြာသာပတေးနေ့ ဖြစ်ပြီး NA Exam အတွက် စာမေးပွဲကြေး ကျပ် ၂၀၀၀၀ ၊ NP Exam အတွက် ကျပ် ၃၀၀၀၀ ပေးသွင်းရမှာပါ။ MCPA အသင်းဝင်များအတွက်တော့ စာမေးပွဲကြေး ၅၀% Discount ပေးသွားမှာ ဖြစ်ပြီး စာမေးပွဲကို ရန်ကုန်မြို့ ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ MICT Park ၊ Conference Hall မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

play

 

အိုင်တီပညာရပ်ဆိုင်ရာ နယ်ပယ်မှာ ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ်ပြီး အရည်အချင်း စစ်စာမေးပွဲဖြစ်တဲ့ ဒီစာမေးပွဲကို MCPA အသင်းနဲ့ အသင်းခွဲများရှိရာ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း နဲ့ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်တို့ မှာ တစ်ချိန်တည်း ကျင်းပစစ်ဆေးသွားမှာ ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို MCPA အသင်းရုံး ဖုန်းနံပါတ် ၀၉- ၇၃၀၈၈၃၀၀ နဲ့ ၆၅၂၂၇၆ တို့ ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD