OPPO A3s ဖုန်းကို ၁၉၉,ဝဝဝ ကျပ်နဲ့ရောင်းချပေးသွားမှာပါ။
 

ဒီဇိုင်းပိုင်းထူးခြားဆန်းသစ်ပြီး ခေတ်ရှေ့ပြေးတဲ့ Notch Screen နဲ့ OPPO A3s ဖုန်းကို သြဂုတ်လတတိယပတ်မှစတင်ပြီး ဝယ်ယူနိုင်တော့မယ်လို့ သိရပါတယ်။



OPPO Myanmar ကနေပြီး OPPO A3s ဖုန်းကို ၁၉၉,ဝဝဝ ကျပ်နဲ့ရောင်းချပေးသွားမှာပါ။ OPPO A3 ကို အနီရောင်နဲ့ ခရမ်းနက်ဆိုပြီး အရောင် ၂မျိုးရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

OPPO A3s ရဲ့မျက်နှာပြင်ဒီဇိုင်းက ယခုခေတ်စားနေတဲ့ Notch Screen အမျိုးအစားဖြစ်ပြီး မြင်ကွင်းကျယ်ကျယ်နဲ့ အသုံးပြုနိုင်စေမယ့် ၆.၂ လက်မအရွုယ်အစားရှိကာ ရုပ်ထွက်အရည်အသွေးကတော့ 720x1520 pixels ရှိမှာပဲ ဖြစ်ပါတယ်။

ကိုယ်ထည်အချိုးအစားကို ဘောင်တွေအကျဉ်းဆုံးဖြစ်အောင်ဖန်တီးပေးထားပြီး 88.8% အထိမျက်နှာပြင် အချိုးအစားရှိတဲ့အတွက်ကြောင့် ဖုန်းမှာမျက်နှာပြင်ကအပြည့်နီးပါးနေရာယူထားတာကိုတွေ့ရမှာပါ။

 

ဒါ့အပြင် OPPO A3s ဟာမြန်မာနိုင်ငံကိုတင်သွင်းတဲ့ A Series ထုတ်ကုန်တွေထဲမှာ ပထမဆုံး Dual Camera စနစ်ပါဝင်လာတဲ့ စမတ်ဖုန်းဖြစ်ပြီး 13MP+2MP ကင်မရာ၂လုံးကြောင့် အကောင်းဆုံးဓါတ်ပုံတွေကိုရိုက်ကူးနိုင်မှာဖြစ်ပြီး လှပတဲ့ Portrait Mood ပုံတွေကိုပါ ရိုက်ကူးပေးနိုင်စွမ်းရှိပါတယ်။

ရှေ့ဘက်ကင်မရာအတွက် အဆင့်မြှင့်ထားတဲ့ AI နည်းပညာသုံး 8MP ကင်မရာကိုတပ်ဆင်ပေးထားတာကြောင့် Selfie ပုံတွေရိုက်ကူးရာမှာလည်း စိတ်ကျေနပ်စရာပုံတွေကို ရိုက်ကူးပေးနိုင်စွမ်းရှိမှာပါတယ်။

ဖုန်းရဲ့လုပ်ဆောင်ချက်တွေမြန်ဆန်ဖို့အတွက် Octa-core 1.8 GHz မြန်နှုန်းရှိ Snapdragon 450 CPU ကိုအသုံးပြုထားပြီး RAM 2GB နဲ့ ဒေတာတွေသိမ်းဆည်းဖို့ ROM 16GB တို့ပါဝင်ကာ microSD card ထပ်စိုက်ပြီး 256GB အထိတိုးမြှင့်အသုံးပြုလို့လည်း ရပါတယ်။

 

4G စနစ်သုံး SIM card ၂ခုအသုံးပြုနိုင်မယ့် triple-slot tray ပါဝင်ပြီး battery ပိုင်းကိုကြည့်မယ်ဆိုရင်လည်း ကြီးမားတဲ့ 4230mAh ကိုထည့်သွင်းပေးထားတာကြောင့် ပုံမှန်အသုံးပြုပါက ၁၅နာရီအထိ အသုံးခံမှာပါ။ Software ပိုင်းအတွက် Android OS 8.1 (Oreo) ကိုအခြေခံတဲ့ ColorOS 5.1 နဲ့ဖြစ်ပြီး ထူးခြားတဲ့ Music Party လုပ်ဆောင်ချက်ကိုလည်း ယခုဖုန်းမှစတင်ကာ အသုံးပြုနိုင်တော့မှာပါ။

Music Party ဆိုတာကတော့ ColorOS 5.1 နဲ့အထက် OPPO ဖုန်းအချင်းချင်း Bluetooth ကနေတစ်ဆင့်ချိတ်ဆက်ကာ တူညီတဲ့သီချင်းတစ်ပုဒ်ကို ချိတ်ဆက်ထားတဲ့ device တွေမှာတစ်ပြိုင်နက်တည်းနားထောင်နိုင်စေမယ့်နည်းပညာမြင့် လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က