၂၀၁၈ ခုနှစ် ကုမ္ပဏီ တည်ထောင်ရခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ဖြစ်တယ်လို့ ဆိုပါတယ်။

Panasonic အဖွဲ့အစည်းမှ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေဖြင့် Off Grid Solutions Project အား ရန်ကုန်မြို့ Lotte Hotel မှာ မိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မြန်မာနိုင်ငံသာမက အာရှ နဲ့ အာဖရိကမှာ ရှိတဲ့ လျှပ်စစ်မီးမရရှိသေးတဲ့ နေရာတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

 

Off Grid Solution Project  ဟာ ကုမ္ပဏီရဲ့ ဆက်စပ်ပစ္စည်းများဖြင့် မီးမရရှိသေးတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ သူတွေကို လျှပ်စစ်မီး အသုံးပြုပုံ နားလည်အောင် မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ခြင်းဖြစ်သည်။ဒါဟာ Panasonic ရဲ့ လူ့အဖွဲ့အစည်းနှင့်ဆိုင်သော ကြိုးပမ်းမှုများထဲမှ ၂၀၁၈ ခုနှစ် ကုမ္ပဏီ တည်ထောင်ရခြင်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

Panasonic ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးကတည်းက နှစ်ပေါင်း ၅၀ နီးပါးကတည်းက  မြန်မာနိုင်ငံမှာ ရေဒီယို ထုတ်လုပ်မှုနဲ့ စတင်ခဲ့တာပါ။ စက်ရုံပေါင်း ၅ ခုကို မြန်မာနိုင်ငံမှာ တည်ထောင်နိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀၀၀ ကျော်ကိုလည်း ဖန်းတီးပေးခဲ့တာဖြစ်ပါတယ်။ Off-Grid Solution အနေဖြင့် Panasonic ရဲ့ Solar Energy ကို လူမူရေးလုပ်ဆောင်ချက်များ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ လှူဒါန်းသွားမှာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ လူသားတွေရဲ့ နေထိုင်မှု ဘဝတွေမှာ လျှပ်စစ်မီး မရှိလည်းဘဲ အခက်အခဲမရှိ နေထိုင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

 

Association for Rengein Tanjoji International Cooperation (ARTIC) မှ Project Director Mr.Nobuyuki Hirano မှ "ဒီလျှပ်စစ် စွမ်းအင်ကို ကျေးရွာများအား ပံ့ပိုးပေးနိုင်ခဲ့မည်ဆိုပါက ကျေးရွာနေ ပြည်သူတွေရဲ့ ဘဝကို ထင်မှတ်မထားနိုင်လောက်အောင် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် Panasonic မှ ကူညီထောက်ပံ့ပေး သော အလင်းရောင်စွမ်းအားတွေကြောင့် ကျေးရွာနေကျောင်းသူ ကျောင်းသားများ၏ ပညာသင်ကြားလေ့လာရာတွင် နေ့ဘက်တွင်သာမက ညအချိန်များတွင်ပါ လေ့လာနိုင်မည်ဖြစ်ပြီး အောင်မြင်မှုအကျိုးရလာဒ်တွေ အရင်ကထက် ပိုမိုကောင်းလာနိုင်ဖို့ ယုံကြည်ပါတယ်" ဟုပြောခဲ့ပါသည်။ ဒီလုပ်ဆောင်ချက်များဖြင့် United Nation(UN) ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

 

ဒေသနေပြည်သူတွေရဲ့ လျှပ်စစ်ဆိုင်ရာ အသုံးပြုရေး ပညာပေး အထူးအစီအစဉ်များကိုလည်း Panasonic မှ ယခုလှူဒါန်းမှုနှင့် အတူ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Panasonic ဟာ လှူဒါန်းပစ္စည်းများ ပြန်လည်အသုံးချရာတွင် အသုံပြုပုံ နှင့် ပတ်သတ်သည့် ရေရှည် အသုံးချနိုင်ဖို့အတွက် အခြေခံကျတဲ့ သင်တန်းများကိုလည် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က