အလုပ်ရှင်များဟာ ဝန်ထမ်းများ၏ Ongo mobile wallet ထံသို့ လစာငွေ ပေးချေမှုအားလုံးကို ကလစ်တစ်ချက်နှိပ်ကာ လျင်မြန်စွာ လွှဲပြောင်းပေးစေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း (B2B)  ဒီဂျစ်တယ် စနစ် ငွေပေးချေ ဝန်ဆောင်မှုလုပ်ငန်းဈေးကွက်တွင် ဦးဆောင်နေသည့် Ongo ဟာ ဒီဂျစ်တယ် လစာငွေပေးချေစနစ်ကို MOB ဘဏ်နှင့် ပူးပေါင်းကာ ဇူလိုင်လ ၂၄ ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့တာပါ။

Photo: Duwun

 

Ongo နှင့် MOB တို့ ပူးပေါင်းဝန်ဆောင်မှုမှာ Ongo Desktop Software ပါရှိမည်ဖြစ်ပြီး လုပ်ငန်းရှင်များဟာ ဝန်ထမ်းများ၏ လစာအချက်အလက်များကို အသေးစိတ်ထည့်သွင်းကာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ အလုပ်ရှင်များဟာ ဝန်ထမ်းများ၏ Ongo mobile wallet ထံသို့ လစာငွေ ပေးချေမှုအားလုံးကို ကလစ်တစ်ချက်နှိပ်ကာ လျင်မြန်စွာ လွှဲပြောင်းပေးစေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဝန်ထမ်းများ အနေဖြင့် လစာငွေများ အားလုံးသော်လည်းကောင်း (သို့) လိုအပ်သည့် ငွေပမာဏတွေကို မြန်မာနိုင်ငံရှိ Ongo Agent တွင်မဆို ထုတ်ယူနိုင်မည်ဖြစ်သလို လစာငွေ တချို့တဝက်ကို Ongo Mobile Wallet တွင်သိမ်းဆည်းထားနိုင်ပြီး မိသားစုထံသို့ ငွေလွှဲပို့နိုင်ခြင်း၊ ငွေဖြည့်နိုင်ခြင်း၊ ငွေပေးချနိုင်ခြင်း၊ ဆုများရယူခြင်း၊ အွန်လိုင်းဈေးဝယ်ခြင်းနှင့် အချို့သော ဆိုင်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

Photo: Ongo Website

 

"Ongo/MOB ဝန်ဆောင်မှုကို စတင်မိတ်ဆက်ရခြင်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဝန်ဆောင်မှု အမျိုးအစားဖြစ်ပြီး နိုင်ငံရဲ့ ငွေသားအသုံးပြုမလိုအပ်တဲ့ ငွေကြေးဂေဟစနစ်ဆီကို လျောက်လှမ်းရာမှာ သိသာထင်ရှားတဲ့ မှတ်တိုင် တစ်ခုဖြစ်ပါတယ်" ဟု Ongo ၏ CEO- Allen Gilstrap က ပြောကြားခဲ့ပါတယ်။

 

Ongo/MOB Payroll Program တွင်လုပ်ငန်းရှင်မှ စာရင်းပေးသွင်းသော ဝန်ထမ်းများအားလုံးသည် Ongo Moile wallet နှင့် ချိတ်ဆက်ထားသည့် Ongo/MOB debit card ကိုပါရရှိမှာဖြစ်ပြီး  မြန်မာနိုင်ငံအနှံအပြားရှိ ATM (သို့) MPU Points-of-sale နေရာတွင် မဆိုအသုံးပြုနိုင်ကြောင်း သိရသည်။

Share

Loading Next Article...
က္က