သုံးစွဲသူလည်း ၉.၄ သန်းအထိ တိုးလာခဲ့ပါတယ်

ကာတာနိုင်ငံမှာ အခြေစိုက်ထားတဲ့ Ooredoo Group ဟာ ၂၀၁၈ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပထမ ၉ လပတ် ဝင်ငွေစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။



20160610_qatar_ooredoo_article_main_image.jpg

Photo: Nikkei Asian Review

 

Ooredoo Group ဟာ ၂၀၁၈ ခုနှစ် ၉ လပတ်ကာလမှာ ကာတာရီရယ်ငွေ ၂၂.၈ ဘီလျံ ဝင်ငွေရရှိခဲ့ပြီး ဒီဝင်ငွေရဖို့အဓိကကျတဲ့ နိုင်ငံတွေ ကတော့ ကာတာ ၊ ကူဝိတ် ၊ အိုမန် ၊ အီရတ်နဲ့မြန်မာနိုင်ငံတို့ဖြစ်တယ်လို့ဆိုပါတယ်။ အကျိုးအမြတ်အနေနဲ့အီရတ် ၊ အိုမန်နဲ့တူနီးရှားတို့မှာ ပိုများခဲ့ပြီး အင်ဒိုနီးရှား နဲ့အယ်လ်ဂျီးရီးယားတို့မှာ ဈေးကွက် စိန်ခေါ်မှုကြောင့် ဝင်ငွေ ကျဆင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ Ooredoo သုံးစွဲသူဦးရေဟာ ၂၃% တိုးမြင့်လာပြီး ၂၀၁၈ စက်တင်ဘာ ၃၀ ရက်နေ့မှာ သုံးစွဲသူ ၉.၄ သန်းအထိ တိုးလာခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒေတာအသုံးပြုမှု မြင့်တက်လာခြင်း ၊ ဒစ်ဂျစ်တယ်ဝင်ငွေ နဲ့သုံးစွဲသူ တိုးပွားလာတာကြောင့် ယခုနှစ် ၉ လအတွင်း အူရီဒူးမြန်မာဟာ ကာတာရီရယ်ငွေ ၁.၁ ဘီလျံ ဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ပထမ ၉ လအတွက် အူရီဒူးမြန်မာရဲ့ ဝင်ငွေဟာ ကာတာရီရယ်ငွေ ၉၆၁ သန်း ဖြစ်လို့၁၀% နဲ့အထက် တိုးပွားလာတာလို့ဆိုပါတယ်။ Ooredoo ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ 5G နည်းပညာသရုပ်ပြသမှုကို Nokia နဲ့ပူးပေါင်း ပြုလုပ်ခဲ့ပါတယ်။

Ooredoo Group ဟာ Nokia ကုမ္ပဏီနဲ့ပူးပေါင်းပြီး “5G ကွန်ရက်သို့ ပြောင်းလဲတိုးတက်မှု” နာမည်နဲ့မျိုးဆက်သစ်ကွန်ရက်နည်းပညာကို ဖော်ဆောင်ဖို့၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ကြေငြာထားသလို ကာတာနိုင်ငံမှာလည်း 5G နဲ့ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လေကြောင်း ပို့ဆောင်မှုကို စမ်းသပ်စစ်ဆေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Photo: Duwun Tech

 

5G ကွန်ရက်စနစ်ကို Ooredoo Group အနေနဲ့အရှေ့တောင်အာရှဒေသ ၊ အရှေ့အလယ်ပိုင်း ဒေသ နဲ့မြောက်အာဖရိကတို့မှာ 5G ကွန်ရက်ဝန်ဆောင်မှုကို အဆင့်မြှင့်တင်သွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က