AD
AD
AD

ခရစ္စမတ်ကာလ ဒီဇင်ဘာ ၂၅ ရက်ကနေ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ အထိ သီတင်းပတ် ၆ ပတ်စာအတွက် အပတ်စဉ် iPhone X ကံထူးရှင် ၆ ဦးကို Ooredoo မှ ရွေးချယ်သွားတော့မှာ ဖြစ်ပါတယ်။

ဒီကံစမ်းမဲအစီအစဉ်ဟာ Ooredoo ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ FunTone ဝန်ဆောင်မှု ဖြစ်စေ FunTone သီချင်းတစ်ပုဒ်ကို My Ooredoo App ကနေတစ်ဆင့် ဝယ်ယူသူများသာ ပါဝင်ခွင့်ရမှာပါ။ ကံစမ်းမဲကာလတစ်လျှောက် FunTone ဝန်ဆောင်မှု သုံးနေသူများသာ iPhone X (64GB) ကံစမ်းမဲအစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ooredoo ဝန်ဆောင်မှု သုံးသူများအနေနဲ့ My Ooredoo App ကို ဖုန်းထဲမှာ ထည့်သွင်းထားဖို့  *565#ကို ဖုန်းဆက်ပြီး ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။ FunTone အတွက် စာရင်းသွင်းခအနေနဲ့ တစ်ပတ်စာ ဝန်ဆောင်ခ ၂၇၅ ကျပ်ဖြစ်ပြီး FunTone သီချင်းတစ်ပုဒ်အတွက် တစ်လစာ ဝန်ဆောင်ခမှာတော့ ၃၂၀ ကျပ် ကျသင့်မှာပါ။

အပတ်စဉ် iPhone X တစ်လုံးအပြင် နေ့ စဉ် ၂၅၀၀၀ ကျပ်တန်ဖိုးရှိ ငွေဖြည့်လက်ဆောင်များကို ကံစမ်းကာလတစ်လျှောက် ကံထူးရှင် ၄၂ ဦးကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကံထူးရှင်အားလုံးကိုတော့ Ooredoo Myanmar Facebook စာမျက်နှာမှာ ကြေငြာသွားမယ်လို့ လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD