ဂိမ်းလုပ်ဆောင်ချက်အတွက် အားတက်စရာပါ

ရှန်ဟိုင်းမှာ ကျင်းပသွားတဲ့ OPPO Mobile ရဲ့ GPU နည်းပညာသစ်မိတ်ဆက်ပွဲဟာ စမတ်ဖုန်းဂိမ်းသမားတွေအတွက် မျှော်လင့်ချက်သစ်တွေ ယူဆောင်လာခဲ့ပါတယ်။



gsmarena_004.jpg

Photo: GSMArena

 

OPPO Hyper Boost ဆိုတဲ့ မိုဘိုင်းလုပ်ဆောင်ချက် အရှိန်တင်တဲ့ နည်းပညာဟာ ဖုန်းရဲ့ system စွမ်းဆောင်ရည်ကို ပိုမို အဆင့်မြှင့်တင် ပေးသလို ဂိမ်းနဲ့အခြားဖုန်းတစ်လုံးရဲ့ လုပ်ဆောင်ချက်တွေကိုပါ အကောင်းဆုံးဖြစ်စေအောင် ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။

Hyper Boost မှာ သုံးထားတဲ့ Behaviour Aware Sheduling ဆိုတဲ့ လုပ်ဆောင်ချက်ဟာ စမတ်ဖုန်းတစ်လုံးရဲ့ ပုံမှန် linux kernel မှာ သုံးနေတဲ့ ၂၀ မီလီစက္ကန့်အစား ဝ.၂ စက္ကန့်ထဲနဲ့hardware ကြိမ်နှုန်းကို ညှိပေးသွားမှာပါ။ဒါ့အပြင် Qualcomm နဲ့MediaTek စတဲ့ ချပ်စ်ကုမ္ပဏီတွေနဲ့ပေါင်းပြီး app တွေကို loading လုပ်တဲ့ အချိန်ကို ၃၁.၉% ပိုပြီး တိုတောင်းစေမယ်လို့ဆိုပါတယ်။

ဂိမ်းပိုင်းမှာတော့ OPPO ဟာ နာမည်ကြီးဂိမ်းကုမ္ပဏီတွေ ဖြစ်တဲ့ Tencent ၊ Netease ၊ Unreal ၊ Unity စတဲ့ ထိပ်တန်းဂိမ်းကုမ္ပဏီများရဲ့ နာမည်ကြီး Honor of Kings ၊ PUBG စတဲ့ ဂိမ်း ၁၁ မျိုးကို အကောင်းဆုံးဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ OPPO အနေနဲ့ထိပ်တန်း ဂိမ်း ၁၀၀ ကို ပံ့ပိုးပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။

ဖုန်းရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ app များ သုံးရာမှာလည်း တရုတ်ပြည်တွင်းမှ WeChat ၊ Mobile Taobao နဲ့QQ စတဲ့ လူမှုကွန်ရက်တွေကို သုံးစွဲရာှာ ပိုမို မြန်ဆန်သွက်လက်စေမှာ ဖြစ်ပါတယ်။ OPPO ရဲ့ ထုတ်ပြန်ချက်အရ WeChat မက်ဆေ့အဝင်အထွက် ဖတ်ရတဲ့ နေရာမှာ ၂၉.၈% ပိုမြန်စေမယ်လို့ဆိုပါတယ်။ app ကို သုံးရာမှာတော့ ၁၉.၉% ပိုသွက်လာမှာပါ။

OPPO ဟာ Hyper Boost နည်းပညာနဲ့အတူ AI နည်းပညာပါ ထည့်သွင်းထားတာ ဖြစ်လို့အနာဂါတ် စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်ပိုင်းမှာ ပိုမို ထိရောက်စေမယ်လို့ဆိုပါတယ်။

Photo: 91Mobiles

 

တစ်နှစ်ကျော်ကြာ ကြိုးပမ်းဖန်တီးထားတဲ့ Hyper Boost နည်းပညာကို OPPO R17 နဲ့R17 Pro တို့မှာ ပထမဆုံး သုံးသွားမှာ ဖြစ်ပြီး ကျန်တဲ့ ဖုန်းတွေမှာလည်း မကြာခင် ဖြန့်ချိသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က