AD
AD
AD
play

 

ဈေးကွက်သုတေသနကုမ္ပဏီ International Data Corporation (IDC) ကနောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ OPPO ဟာ ၂၀၁ရ အရှေ့တောင်အာရှဈေးကွက်အတွက် နှစ်အလိုက်စမတ်ဖုန်းတင်ပို့မှုမှာ  ၂၉ရာခိုင်နှုန်းကျော်တိုးတက်မှုရရှိခဲ့ပြီး အဆင်-့၂နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ IDC က ကောက်ယူခဲ့တဲ့ “Quarterly Mobile Phone Tracker” စစ်တမ်းမှာ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့အပါအဝင် အရှေ့တောင်အာရှ ဈေးကွက်မှနိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ပထမဆုံးနိုင်ငံတကာဈေးကွက်အဖြစ် ထိုင်းနိုင်ငံမှာ ဈေးကွက်စတင်ထူထောင်ခဲ့ပြီးကတည်းက OPPO ဟာ ဒေသခံသုံးစွဲသူများနှစ်သက်သဘောကျမယ့် ထုတ်ကုန်တွေတင်ပို့ရောင်းချခြင်းဖြင့် သက်ဆိုင်ရာဒေသတွင်းမှာ တိုးတက်မှုတွေ မြန်မြန်ဆန်ဆန်ပဲရယူနိုင်ခဲ့ပါတယ်။

OPPO ကုမ္ပဏီဟာ ပြည်တွင်းဈေးကွက်နဲ့ ကိုက်ညီအောင်လုပ်ဆောင်ရာမှာ  လှပပြီးခေတ်မီဆန်းသစ်တဲ့  ဒီဇိုင်းပုံစံတွေနဲ့ ပေါင်းစပ်ကာ ထူးခြားဆန်းသစ်တဲ့နည်းပညာတွေကိုဖန်တီးပေးခြင်းဖြင့် လူငယ်သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို နားလည်ပြီး ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားခဲ့တာပါ။

play

 

လူငယ်ပရိတ်သတ်တွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်လူကြိုက်များခဲ့ပြီးနောက်မှာ Selfie Expert လို့ခေါ်တဲ့ Selfie ဘုရင် F series ထုတ်ကုန်များ၊ အထူးသဖြင့် လက်ရှိထုတ်လုပ်ထားတဲ့ OPPO F5 series ထုတ်ကုန်များမှာ မိုဘိုင်းဖုန်းလောကရဲ့ ပထမဆုံးအဖြစ် ထူးခြားဆန်းသစ်တဲ့ A.I Beauty Recognition Technology နည်းပညာကိုစတင်အသုံးပြုခဲ့တဲ့ ထုတ်ကုန်တွေဖြစ်ပြီး အဆိုပါနည်းပညာက ရိုက်ယူလိုက်တဲ့ Selfie ဓာတ်ပုံကို အလှအပဖန်တီးမှုတွေ စိတ်တိုင်းကျလုပ်ဆောင်နိုင်စေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပထမဆုံး တီထွင်ဖန်တီးမှုတွေထဲမှာ အဆင့်မြင့် Full Screen FHD+ display နှင့် အဆင်ပြေလွယ်ကူစေတဲ့ Facial Unlock နည်းပညာတို့လည်းပါဝင်ပါသေးတယ်။

ဒါ့အပြင် ရှေ့ဆက်ရောက်ရှိလာမယ့် ပိုမိုခေတ်မီဆန်းပြားတဲ့ မိုဘိုင်းနည်းပညာနှင့် 5G ကွန်ယက်ချိတ်ဆက်မှု ခေတ်ကာလအတွက်လည်း OPPO ကနေပြီး အရှေ့တောင်အာရှဒေသမှာ ရှေ့လာမယ့် နှစ်တွေအတွင်း အံ့သြစိတ်လှုပ်ရှားစရာကောင်းစေမယ့် ရှေ့ပြေးထုတ်ကုန်တွေနဲ့ အတူ အကောင်းဆုံးကြိုးပမ်းအားထုတ်သွားနိုင်ဖို့လည်း စီစဉ်လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD