အလှအပရေးရာနဲ့ဖျော်ဖြေရေး page များလည်း ပါဝင်ခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက် တနလာၤနေ့က Facebook ဟာ မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ သတင်း ၊ အလှအပရေးရာနဲ့ဖျော်ဖြေရေး pages များ အကောင့်များ ပိတ်သိမ်းကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။



bad-actors-001.jpeg

Photo: Facebook Newsroom

 

ဒီကြေငြာချက်ထဲမှာ page ၁၃ ခု နဲ့အကောင့် ၁၀ ခု ပါဝင်ပြီး စစ်တပ်ဝါဒဖြန့်ချိရေးအပါအဝင် မရိုးဖြောင့်တဲ့ အပြုအမှုတွေ လုပ်ဆောင်တာနဲ့ဆက်နွှယ်နေတာကြောင့်လို့ဖော်ပြထားပါတယ်။

အပိတ်ခံရတဲ့ page တွေထဲမှာ အလှအပရေးရာ တင်ဆက်နေတဲ့ Beauty and Classic ၊ ဆရာမလေးများ ၊ စစ်သားဓါတ်ပုံများ စုစည်းမှု ၊ မိုးနတ်မင်းစတဲ့ page တွေဟာ follower အများဆုံး ဖြစ်ခဲ့ပြီး page ၁၃ ခုစလုံးမှာ follower ၁.၃၅ သန်းခန့်ရှိတယ်လို့ဆိုပါတယ်။ 

အလှအပနဲ့ဖျော်ဖြေရေး အယောင်ဆောင်ထားတဲ့ page တွေကို ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး ဒီ page တွေဟာ မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးအတွက် သုံးနေတာ တွေ့ရတယ်လို့လည်း Facebook ရဲ့ blog မှာ ဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်က တစ်ဖက်လှည့်နဲ့သြဇာလွှမ်းမိုးလို့မရအောင် လုပ်ဆောင်သွားမှာဖြစ်သလို ဒီလိုမျိုး အပြုအမှုတွေကိုလည်း စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာပါ" လို့ထုတ်ပြန်ထားပါတယ်။

Facebook ဟာ သြဂုတ်လ ၂၇ ရက်နေ့က followers ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၂၀ ကို ဖယ်ရှားခဲ့ပါတယ်။ ထိုစဉ်က မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ လုပ်ဆောင်ချက်တွေကြောင့် အကောင့်တွေ ပိတ်သိမ်းခဲ့တာလို့ထုတ်ပြန်ခဲ့တာပါ။

ပိတ်ခံလိုက်ရတဲ့ အထဲမှာ လူပေါင်း ၁၂ သန်း နီးပါး follow လုပ်ထားတဲ့ Facebook page ပေါင်း ၅၂ ခု နဲ့Facebook အကောင့် ၁၈ ခု ၊ Instagram အကောင့် ၁ ခု တို့ပါဝင်နေပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ သတင်းစကားများကို ထည့်သွင်းဖော်ပြနေတဲ့ page ၄၆ ခုနဲ့အယောင်ဆောင် အကောင့် ၁၂ ခုလည်း ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။

Photo: Digital Trends

 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Facebook ဟာ အမေရိကန်နိုင်ငံအတွင်း သတင်းအမှားများ ဖြန့်ဖြူးနေတဲ့ အကောင့်နဲ့page ပေါင်း ၈၀၀ ကျော် ပိတ်သိမ်းမှု ပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က