အများဆုံး တစ်လကို ဒေါ်လာ ၃၀ အထိ ပေးရမှာပါ

Facebook ဟာ လစဉ်ကြေးပေးရတဲ့ ဝန်ဆောင်မှုသစ်တစ်မျိုးကို သီးသန့်secret groups တွေအတွက် စတင်စမ်းသပ်နေတယ်လို့ကြေငြာထားပါတယ်။

 

ဒီအခပေးဝန်ဆောင်မှုဟာ ၅ ဒေါ်လာကနေ ဒေါ်လာ ၃၀ အကြား ကျသင့်မယ့် အစီအစဉ်ဖြစ်ပြီး လက်တလောမှာတော့ group အရေအတွက် အနည်းငယ်မှာ စတင် အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။ဒီထဲမှာ အိမ်တွင်းအလှဆင်မှုဆိုင်ရာ ၊ ကောလိပ်ကျောင်းတွင်း အစီအစဉ်ရေးဆွဲခြင်း ၊ အချက်အပြုတ်နဲ့အိမ်သန့်ရှင်းရေးဆိုင်ရာ Groups တွေ ပါနေပါတယ်။  အခပေး group အစီအစဉ်မှာတော့ members တွေဟာ training များ ၊ အမေးအဖြေကဏ္ဍများလို သီးသန့်exclusive contents များ ၊ တိုက်ရိုက်အကူအညီများ နဲ့Group ဖန်တီးသူများဆီက အကြံဉာဏ်များကို ရယူနိုင်မှာပါ။

Facebook ရဲ့ ဒီအစီအစဉ်ဟာ group တွင်း contents တွေကနေ ငွေရှာဖို့ပြင်လာတဲ့ Group admins များအတွက် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ contents ဖန်တီးသူများဟာ အခမဲ့ သုံးစွဲသူနဲ့အခပေး members ဆိုပြီး အဖွဲ့၂ ဖွဲ့ဖန်တီးမှုတွေဆီ ဦးတည်လာတော့မှာပါ။ အခပေးအစီအစဉ်မှာ PayPal လိုမျိုး တစ်ခြား third-party services တွေဆီကနေ ငွေပေးငွေချေလုပ်နိုင်မှာ ဖြစ်ပြီး group admins တွေဟာ Facebook ဆီကနေ member ကြေးကို တိုက်ရိုက် ရယူနိုင်သလို members တွေမှလည်း Facebook app ကို သုံးပြီး လစဉ်ကြေး ပေးချေမှုကို အချိန်မရွေး ရပ်ဆိုင်းနိုင်တယ်လို့ဆိုပါတယ်။

 

လက်ရှိမှာ ဒီအစီအစဉ်ဟာ pilot program ဖြစ်လို့ငွေမဖြတ်သေးပေမယ့် မကြာခင်မှာ အခပေး groups များကို အမြောက်အများ တွေ့ရဖို့ရှိပါတယ်။ Facebook ကတော့ အခပေး premium group တွေအပြင် ရိုးရိုး free groups များလည်း ဆက်လက် ထားရှိသွားမယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က