ဒုတယအကြိမ် အာရှအဆင့် နိုင်ငံတကာ Programming စွမ်းရည်ပြိုင်ပွဲကို ရွှေပြည်သာမြို့ နယ် ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် UCSY မှာ လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပသွားတော့မှာပါ။

play

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ၊ ၂၆ တို့ မှာ တစ်နိုင်ငံလုံးက ကွန်ပျူတာတက္ကသိုလ် ၂၄ ခုအပါအဝင် အိုင်တီတက္ကသိုလ်ကျောင်းပေါင်း ၂၆ ကျောင်းမှ ပြိုင်ပွဲဝင်အသင်း ၆၄ သင်း ပြိုင်ပွဲဝင် စုစုပေါင်း ၁၉၂ ယောက်ပါဝင်တဲ့ နိုင်ငံအဆင့် Myanmar Collegiate Programming Contest 2017 ကို ကျင်းပခဲ့တာပါ။ အာရှအဆင့် Regional Programming Contest ပြိုင်ပွဲကိုလည်း UCSY ကပဲ အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပသွားမှာ ဖြစ်ပြီး ဒေသတွင်းမှ ထိုင်း ၊ စင်္ကာပူ ၊ ဂျပန် ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်တို့ မှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း လာရောက် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ ACM-ICPC ရဲ့ ကြီးမှူးမှုနဲ့ အတူ နိုင်ငံတကာမှာ ACM-ICPC Programming Contest ပြိုင်ပွဲများကို ဒေသအလိုက် ကျင်းပကြတာ ဖြစ်ပြီး ACM-ICPC မှ အိမ်ရှင်အဖြစ် ကျင်းပမယ့် တက္ကသိုလ်ကို နည်းပညာပိုင်းအထောက်အကူတွေ ပံ့ပိုးပေးတယ်လို့ လည်း ဆိုပါတယ်။ Regional Programming Contest ဟာ အာရှပစိဖိတ် နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသတွင်း နိုင်ငံခြားတက္ကသိုလ်များမှ ပြိုင်ပွဲဝင်ကျောင်းသားများနဲ့ ခင်မင်ရင်းနှီးမှု နဲ့ အတွေ့ အကြုံဖလှယ်ခွင့်များ ရရှိစေဖို့ နဲ့ အရည်အချင်းရှိတဲ့ ICT ကျောင်းသားလူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာစေဖို့ ကျင်းပလိုက်တာလည်း ဖြစ်ပါတယ်။

play

 

ဒုတိယအကြိမ် နိုင်ငံအဆင့် Programming Contest ပြိုင်ပွဲမှာ ပထမဆုအဖြစ် မန္တလေးကွန်ပျူတာတက္ကသိုလ် UCSM Arluu အသင်း (Team 65) ၊ ဒုတိယဆုကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ Legendary Geek (Team 38) နဲ့ တတိယဆုကို မန္တလေးကွန်ပျူတာတက္ကသိုလ်မှ UCSM Unknown (Team 6) တို့ မှ ရရှိခဲ့တာပါ။ ပထမဆုံးအကြိမ် အာရှအဆင့် Programming Contest ပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်အသင်းမှ ချန်ပီယံဖြစ်သွားခဲ့ပြီး ၂၀၁၇ မေလထဲမှာ အမေရိကန်ပြည်ထောင်စု ၊ South Dakota ပြည်နယ် Rapid City မှာ ကျင်းပတဲ့ World Final အဆင့်မှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video