လစဉ် လူ ၃ သန်းကျော် ကစားနေကြပါတယ်

နာမည်ကြီး မိုဘိုင်းလ်ဂိမ်းဖြစ်တဲ့ PUBG ကို မကြာခင်မှာ PlayStation 4 နဲ့ဆော့နိုင်ဖို့ရှိပါတယ်။

[No available link text] 

လက်ရှိမှာ console အနေနဲ့Microsoft ထုတ် Xbox One ပေါ်မှာဆော့နိုင်ပြီး iOS နဲ့Android ဗားရှင်း ၂ မျိုးနဲ့ကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ တောင်ကိုရီးယားမှ Korean Game Rating and Administration Committee ဟာ PUBG ကို PS4 ဗားရှင်းအနေနဲ့rating ပေးလိုက်တာကို ကြည့်ပြီး မကြာခင်မှာ PlayStation 4 နဲ့လာမယ်လို့ပြထားပါတယ်။

အခမဲ့ ဆော့နိုင်တဲ့ အွန်လိုင်းတိုက်ခိုက်ရေးဂိမ်း PUBG ဟာ PC မှာ အရင်နှစ် မတ်လက စပြီး ဖြန့်ချိခဲ့တာပါ။ နှစ်ကုန်ပိုင်းမှာတော့ Xbox ပေါ် ရောက်လာခဲ့ပြီး မိုဘိုင်း ဗားရှင်းအနေနဲ့iOS နဲ့Android ပေါ် မတ်လဆန်းပိုင်းမှာ ရောက်လာခဲ့တာပါ။ အခုချိန်မှာ PUBG ဟာ ရောင်းအားအကောင်းဆုံး ဗွီဒီယိုဂိမ်းများ စာရင်းမှာ အဆင့် ၅ က ရပ်တည်နေပါတယ်။

PlayerUnknown's Battlegrounds လို့ခေါ်တဲ့ PUBG ဟာ ဂျပန်သည်းထိတ်ရင်ဖိုကား Battle Royale ကို ဂိမ်းအဖြစ် အသက်သွင်းထားတာ ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလက ထုတ်ပြန်ချက်အရ ဒီဂိမ်းကို နေ့စဉ် လူ ၃ သန်းကျော် ဆော့နေတယ်လို့ဆိုပါတယ်။ လက်ရှိ မိုဘိုင်းနဲ့PC / Xbox တို့ကနေ ဒီဂိမ်းကို မှတ်ပုံတင်ထားသူ သန်း ၄၀၀ ရှိထားပါတယ်။

PUBGကို လူအများနဲ့အွန်လိုင်းမှာ တိုက်ခိုက်ရေး ကစားနိုင်တဲ့ ဗွီဒီယိုဂိမ်းအဖြစ် ထုတ်ခဲ့တာပါ။ ဒီဂိမ်းကို မိုဘိုင်းမှာ ဒေါင်းလုပ်ဆွဲသူဦးရေဟာ သန်း ၁၀၀ ကျော် ရှိနေပြီး PC နဲ့Xbox နှစ်ခုပေါင်း ဂိမ်းခွေရောင်းအားကတော့ သန်း ၅၀ ကျော်လာပြီ ဖြစ်ပါတယ်။

Photo: Geek Cosmos

 

ပြီးခဲ့တဲ့ ဇွန်လထဲမှာ PUBG Mobile ဟာ cosmetic items နဲ့character များကနေ ဝင်ငွေဟာ ၃၆၅% ထိ ရလာခဲ့တယ်လို့ကြေငြာထားပါတယ်။ တကယ်လို့PUBG သာ Sony PS4 ပေါ် ရောက်လာမယ်ဆိုရင်တော့ PUBG ရဲ့ဈေးကွက်ဟာ အတော့်ကို ကျယ်ပြန့်လာဖို့ရှိပါတယ်။

 

Share

Loading Next Article...
က္က