မတ်လ တတိယအပတ်ထဲက မိုဘိုင်းဂိမ်းအဖြစ် ထွက်ခဲ့တာပါ

အန်းဒရိုက်ဖုန်းတွေမှာ beta ဗားရှင်းအနေနဲ့Fortnite ကို မိတ်ဆက်လာချိန်မှာ ပြိုင်ဘက် PUBG ဂိမ်းကလည်း သူ့ရဲ့ မှတ်တမ်းသစ်ကို ထုတ်ဖော်ကြေငြာလိုက်ပါတယ်။

dims.jpg

Photo: Engadget

 

iOS နဲ့အန်းဒရိုက်ပလက်ဖောင်းနှစ်ရပ်အတွက် PUBG ကို ဒေါင်းလုပ်ဆွဲမှုဟာ သန်း ၁၀၀ ကျော်ရှိလာပြီလို့PUBG ကို ရေးဆွဲတဲ့ Tencent က ထုတ်ပြန်လိုက်တာပါ။ PUBG ဟာ PC ဂိမ်းတစ်ခုအဖြစ်ကနေ ယခုနှစ် မတ်လ ၁၉ ရက်နေ့မှာ မိုဘိုင်းလ်ထုတ်ကုန်တွေပေါ် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ၄ လအကြာမှာ PUBG ကို နေ့စဉ် ဆော့သူဦးရေဟာ ၁၄ သန်းကျော်လာခဲ့ပါတယ်။

ဒီလို နေ့စဉ်ကစားသူအရေအတွက်ကို စီစစ်ရာမှာ တရုတ် ၊ ဂျပန်နဲ့ကိုရီးယားတို့က player တို့မပါဘူးလို့ဆိုပါတယ်။ PUBG ရဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ မတ်လထဲက PC နဲ့Xbox One ကနေ iOS နဲ့Android တို့ပေါ် ခုန်ကူးပြီးနောက် ဝင်ငွေ ဒေါ်လာ သန်း ၅၀ ကျော် ရရှိခဲ့တယ်လို့Sensor Tower ရဲ့ အချက်အလက်များမှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ရဲ့ development team ဖြစ်တဲ့ Lighspeed နဲ့Quantum Studios  ၊ တစ်ကမ္ဘာလုံးက ဒီဂိမ်းကို ကစားနေကြတဲ့ ပလေယာတွေကို ကျေးဇူးတင်ပါတယ်။ " လို့PUBG Mobile ရဲ့ အထွေထွေမန်နေဂျာ ဗင်းဆင့်ဝမ်က ဆိုပါတယ်။ ဒါ့အပြင် PUBG ဟာ ဒီနှစ်အတွင်းမှာ contents သစ်တွေနဲ့ထပ်ပြီး တိုးချဲ့သွားမယ်လို့ဆိုပါတယ်။

ဇွန်လထဲမှာ PUBG Mobile ဟာ cosmetic items နဲ့character များကနေ ဝင်ငွေဟာ ၃၆၅% ထိ ရလာခဲ့ပါတယ်။ PUBG Corp နဲ့Tencent တို့ဟာ e Sports ပြိုင်ပွဲအဖြစ် နာမည်ကြီး streamer နဲ့youtubers ၁၆ ဦး ပါဝင်တဲ့ Player Well Known Invitational ပြိုင်ပွဲနဲ့နောက်ထပ် ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုလည်း ကျင်းပနေပါတယ်။

Photo: Android Authority

 

Player Unknown's Battlegrounds လို့ခေါ်တဲ့ PUBG ဟာ PC ဂိမ်းအဖြစ် ပထမဆုံး ဖြန့်ချိခဲ့ပြီး Xbox One ဗွီဒီယိုဂိမ်းတွေထဲမှာ ၈ သန်းအထိ ရောင်းချနိုင်ခဲ့တဲ့ အကောင်းဆုံး ဗီဒီယိုဂိမ်းဖြစ်သလို PC ဂိမ်းတွေထဲမှာ ဒုတိယမြောက်ရောင်းအားအကောင်းဆုံး PC ဂိမ်းတစ်ခု အဖြစ် စုစုပေါင်း ၂၄ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က