ဒေါ်လာ ၂ သိန်းဆု ရခဲ့ပါတယ်။

စုစုပေါင်း ဒေါ်လာ ၆ သိန်းပေးတဲ့ PUBG Mobile Star Challenge 2018 ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးကို ဒူဘိုင်းမှာ ကျင်းပခဲ့ပြီး ချန်ပီယံအသင်းများ စာရင်းလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

pubg-mobile-star-challenge-2018-winner-rrq-athena-817x320.jpg

Photo: es.me

 

PlayerUnknown's Battlegrounds ရဲ့ ပထမဆုံး eSport ပြိုင်ပွဲတစ်ရပ်ဖြစ်တဲ့ ဒီပြိုင်ပွဲကို နိုင်ငံနဲ့တိုက်ကြီး ၆ ခုမှ  PUBG ပလေယာတွေ ပါဝင်ပြီး ကမ္ဘာ့အဆင့်မှာ နိုဝင်ဘာ ၂၉ ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ ဒူဘိုင်းမှာ ကျင်းပခဲ့တာပါ။ PUBG Mobile Star Challenge Global Finals အဆင့်မှာ Samsung Galaxy Note 9 မှ စပွန်ဆာပေးခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ဂိမ်းကုမ္ပဏီ Tencent Games နဲ့PUBG Corporation တို့ပူးပေါင်း ကျင်းပခဲ့တဲ့ ဒီပွဲရဲ့ နောက်ဆုံးအဆင့်မှာ အာရှမှ ထိုင်း ၊ ဂျပန် ၊ တရုတ် ၊ အိန္ဒိယ ၊ ဗီယက်နမ် ၊ တောင်ကိုရီးယား ၊ ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားတို့မှ လက်ရွေးစင် အသင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၆ ချီပြိုင်တဲ့ ဒီပွဲမှာ နောက်ဆုံးအဆင့် ထိပ်ဆုံး ၃ သင်းဟာ Global Finals ကို ရောက်လာခဲ့တာပါ။

ထိုင်းနိုင်ငံကိုယ်စားပြု RRQ Athena အသင်းဟာ ပြိုင်ပွဲမှာ စုစုပေါင်း ၃၃၆၅ မှတ် ရခဲ့ပြီး ဆုကြေး ဒေါ်လာ ၂ သိန်း ရခဲ့ပြီး ဒုတိယနေရာမှ တရုတ်အသင်း Comfortable Penguin အသင်းဟာ ဒေါ်လာ ၁ သိန်းရခဲ့ပါတယ်။ စုစုပေါင်း ဆုကြေးကတော့ ဒေါ်လာ ၆ သိန်းရှိခဲ့တာပါ။ ဒေသအလိုက် regional final မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေဟာ ဒေါ်လာ ၂ သောင်းဆုကြေး ပေးခဲ့တာလည်း ဖြစ်ပါတယ်။

PUBG Mobile Star Challenge ဟာ သီးသန့်ဖိတ်ခေါ် ပြိုင်ပွဲလိုဖြစ်ပြီး YouTube Gaming ၊ Twitch ၊ Facebook Live ၊ Smartcast TV ၊ Mixer ၊ Cube Tv ၊ Nimo TV စတဲ့ social media တွေမှာ follower ပေါင်း ၁၀၀၀ နဲ့အထက် ရှိတဲ့ ပလေယာတွေပဲ ဝင်ပြိုင်ဖို့သတ်မှတ်ထားတာပါ။ ကမ္ဘာ့အဆင့် ဖိုင်နယ်ပွဲမှာ ဒေသတွင်း ဖိုင်နယ်အသင်း ၁၃ သင်းနဲ့အထူးဖိတ်ခေါ်အသင်း ၇ သင်း ဝင်ရောက်ယှဉ်ပြိုုင်ခဲ့ပါတယ်။

Photo: sportskeeda

 

PUBG Mobile Star Challenge ပြိုင်ပွဲမှာ ချန်ပီယံဆု ဒေါ်လာ ၂ သိန်း ၊ 1st runner up နဲ့2nd runner up ကို ဒေါ်လာ ၁ သိန်းနဲ့၅ သောင်း ချီးမြှင့်ခဲ့ပါတယ်။ ဒေသတွင်း regional အဆင့်မှာ ချန်ပီယံ ဒေါ်လာ ၂ သောင်း ၊ runners များကို ဒေါ်လာ ၁၅၀၀၀ နဲ့ဒေါ်လာ ၁ သောင်းစီ ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။

 

Share

Loading Next Article...
က္က