AD
AD
AD

Apple ဟာ လက်ရှိ ၁၂ လက်မ MacBook ထက် ဈေးပိုသက်သာတဲ့ ‘entry level’ ၁၃ လက်မ Retina MacBook သစ်တစ်မျိုးကို ဇွန်လမှာ ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ DigiTimes က ဖော်ပြလိုက်ပါတယ်။

 

အဲ့ဒီ ၁၃ လက်မ MacBook မှာ လက်ရှိ ၁၃ လက်မ MacBook Pro အတိုင်း pixel သိပ်သည်းဆ 226ppi ရှိတဲ့ 2560 x 1600 panel ပါဝင်ပြီး တန်ဖိုးက လက်ရှိ MacBook Air အတိုင်း ၉၉၉ ဒေါ်လာဝန်းကျင် ကျသင့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

Apple ဟာ ဈေးသက်သာတဲ့ MacBook သစ်အတွက် display တွေကို တရုတ်ကုမ္ပဏီတစ်ခုကနေ ရယူသွားဖို့ စီစဉ်ထားပေမယ့် အစောပိုင်း စမ်းသပ်မှုမှာ အရည်အသွေးပြဿနာတွေရှိတဲ့အတွက် အခုအခါ LG Display ကို အသုံးပြုရန် ဆုံးဖြတ်ထားကြောင်း Digitimes က ပြောကြားခဲ့ပါတယ်။

 

အဆိုပါ ၁၃ လက်မ MacBook ကို မေလကုန်မှာ အလုံးအရင်းနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး ဇွန်လအစောပိုင်းမှာကျင်းပမယ့် Apple ရဲ့Worldwide Developer Conference (WWDC) မှာ မိတ်ဆက်ကြေညာသွားမယ်လို့ ယူဆရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD