LOL ပါဝင်တဲ့မြောက်အမေရိက ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပနေပါတယ်။

League of Legends  ကို ရေးဆွဲခဲ့တဲ့ ဂိမ်းကုမ္ပဏီ Riot Games ဟာ Twitch ရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုသူ ၁ ဘီလျံအထိ ရောက်ရှိလာခဲ့ပါတယ်။

[No available link text] 

ဂိမ်း streaming ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Twitch ဟာ eSport ပြိုင်ပွဲတွေကို တိုက်ရိုက်ကြည့်ရှုလို့ရမယ့် နာမည်ကြီး ဗွီဒီယိုဂိမ်း streaming ပလက်ဖောင်းတစ်ခု ဖြစ်ပြီး Amazon က ပိုင်ဆိုင်ထားတာပါ။ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်လာခဲ့တဲ့ Twitch သမိုင်းမှာ ပရိတ်သတ်စံချိန်တင် ကြည့်ရှုသွားတာကတော့ Ritot Games ရဲ့ ချန်နယ် ဖြစ်ပါတယ်။ LOL လို့ခေါ်ကြတဲ့ Leageue of Legends ဂိမ်းလို ဂိမ်မာတွေတွေအကြား လူကြိုက်များလှတဲ့ eSport ဂိမ်းဖန်တီးသူ Riot Games ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မြောက်အမေရိက LCS Summer Split ပွဲကာလအတွင်းမှာ ကြည့်ရှုသူ စံချိန်တင်ခဲ့တာပါ။

 

ဆက်စပ်သတင်း >> အွန်လိုင်း eSports ဈေးကွက်ထဲ ကိုယ်ပိုင်ဂိမ်းပလက်ဖောင်းနဲ့ဝင်လာတဲ့ Facebook

 

၂၀၀၉ ခုနှစ်က စပြီး multiplayer အွန်လိုင်းတိုက်ခိုက်ရေးဂိမ်း MOBA အနေနဲ့ဖြန့်ချိခဲ့တဲ့ League of Legends ဂိမ်းကုမ္ပဏီ Riot Games ဟာ အရင်ကတည်းက Twitch မှာ လူကြည့်အများဆုံး ဂိမ်းချန်နယ်လိုင်းတစ်ခု ဖြစ်ပါတယ်။ Riot Games ထုတ် LOL ဟာ Twitch မှာ ဒုတိယလူကြည့်အများဆုံးဆိုတဲ့ StarLadder ထက် နှစ်ဆ လူကြည့်များနေပါတယ်။ ဒါတင်မဟုတ်ဘဲ အမေရိကန်ရုပ်သံလောကမှာ လူကြည့်အများဆုံး ဖြစ်တဲ့ Superbowl ပွဲတောင်မှ ကြည့်ရှုသူ ၁၀၃ သန်းပဲ ရှိထားတာပါ။ Riot Games ရဲ့ Twitch channel ကို ၂၀၁၃ ခုနှစ်မှာ စတင်ဖန်တီးခဲ့ပြီး ဒီချန်နယ်ကို follow လုပ်ထားသူဦးရေဟာ ၂.၉၅ သန်း ရှိနေပါတယ်။

 

မြောက်အမေရိက LOL ချန်ပီယံရှစ် စီးရီးကို တစ်ပတ် တစ်ပွဲနှုန်းနဲ့ ၂ ပွဲကျင်းပသွားခဲ့တာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ တတိယအပတ်အဖြစ်ကျင်းပသွားမှာ ဖြစ်လို့Riot Games ဟာ ကြည့်ရှုသူ သန်း ၂၀၀၀ ကျော်ဖို့မှျှော်လင့်ချက်ရှိနေပါတယ်။ ဆက်စပ်သတင်းတစ်ပုဒ်အနေနဲ့Facebook ဟာ gameရုပ်သံလွှင့်သူတွေနဲ့ဂိမ်းဖန်းတီးသူတွေအတွက် အကျိုးအမြတ်များ ရစေမယ့် အစီအစဉ်တစ်ခု ပါဝင်တဲ့ Facebook.GG ပရိုဂရမ်ကို စတင်နေပြီ ဖြစ်လို့game streaming လောကအတွက် စိန်ခေါ်မှုတွေ မြင့်တက်လာဖို့ရှိပါတယ်။

Share

Loading Next Article...
က္က