တစ်နာရီ မိုင် ၂၅၀ နှုန်းအထိ ပျံသန်းနိုင်မှာပါ

စရိတ်စက လျှော့ချဖို့အလုပ်အကိုင်နေရာပေါင်း ၄၆၀၀ ရပ်ဆိုင်းခဲ့တဲ့ Rolls-Royce အတွက် မိုးပျံကားတက္ကစီဟာ အနာဂါတ်ဈေးကွက်တစ်ခု ဖြစ်ဖို့ရှိပါတယ်။

photo: Aerospace Manufacturing magazine

 

ဗြိတိန်အင်ဂျင်စက်အမျိုး ထုတ်လုပ်ရေးလုပ်ငန်း Rolls-Royce ဟာ ခရီးသည် ၄ ဦးကနေ ၅ ဦးအထိ လိုက်ပါစီးနင်းနိုင်တဲ့ လျှပ်စစ်စွမ်းအင်သုံး ထောင်လိုက် အတက်အဆင်း ယာဉ်တစ်မျိုး ထုတ်လုပ်သွားဖို့အစီအစဉ်ရေးဆွဲနေတယ်လို့ထုတ်ပြန်ထားပါတယ် ။ ဒီယာဉ်ဟာ အမြင့်ဆုံး တစ်နာရီ မိုင် ၂၅၀ နှုန်းနဲ့ခရီးမိုင်ပေါင်း ၅၀၀ အထိ သွားနိုင်မှာပါ။

ဒီယာဉ်ဒီဇိုင်းကို ဇူလိုင် ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ  ယူကေ Farnborough လေဆိပ်မှာ ကျင်းပသွားမယ့် 2018 Farnborough Airshow မှာ ဒစ်ဂျစ်တယ်ဒီဇိုင်းအသွင်နဲ့ပြသသွားမယ်လို့ဆိုပါတယ်။ ကနဦး ဒီဇိုင်း concept အရ ဒီယာဉ်ပျံဟာ ဆူညံသံလျှော့ချဖို့အတွက် လျှပ်စစ်ဒလက် ၆ ခုပါရှိပြီး ဂတ်စ်တာဘိုင် နည်းပညာသုံးကာ လျှပ်စစ်စွမ်းအင်ထုတ်သွားမယ်လို့ဆိုပါတယ်။

ယခုယာဉ်အတွက် အခြေခံဖွဲ့စည်းမှုဟာ ဟယ်လီကော်ပတာနဲ့လေဆိပ်လိုမျိုး ရှိရင်းစွဲ အခြေခံအဆောက်အဦများနဲ့ပေါင်းစည်းသွားမှာပါ။ Rolls-Royce ရဲ့ ဒီဇိုင်းအရ မိုးပျံကားဟာ ဂတ်စ်တာဘိုင်ကို သုံးပြီး ဘက်ထရီအားသွင်းမှာ ဖြစ်လို့ပြန်အားသွင်းစရာ မလိုဘူးလို့လည်း သိရပါတယ်။ ယာဉ်ရဲ့တောင်ပံတွေဟာ ၉၀ ဒီဂရီ လည်နိုင်ပြီး ထောင်လိုက်အဆင်း အတက် လုပ်နိုင်မှာပါ။

မိုးပျံကားအငှားဝန်ဆောင်မှုဟာ လာမယ့် ၁၀ စုနှစ်အတွင်း ခေတ်စားလာမယ့် ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး Airbus နဲ့Uber တို့အပြင် Google ပူးတွဲတည်ထောင်သူ လယ်ရီပေ့ချ်ပိုင် Kitty Hawk တို့လို startups များကလည်း ဒီနည်းပညာကို အပြိုင်အဆိုင် အကောင်အထည်ဖော်နေပါတယ်။

 

Uber အနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် World Expo 2020 မှာ UAE နိုင်ငံ ဒူဘိုင်းမြို့တော်နဲ့တက္ကဆက်ပြည်နယ် ဒဲလ်လပ်စ်မြို့များမှာ မိုးပျံတက္ကစီယာဉ်များ စမ်းသပ်ပျံသန်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ Uber ဟာ NASA အာကာသအဖွဲ့အစည်းနဲ့ပူးပေါင်းပြီး တစ်နာရီ မိုင် ၂၀၀ နှုန်းအထိ ပျံသန်းနိုင်မယ့် မိုးပျံတက္ကစီပရောဂျက်ကို ဖော်ဆောင်နေပါတယ်။

Airbus ဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက Paris Air Show မှာ ထောင်လိုက် အဆင်းအတက်လုပ်ပြီး ပျံသန်းနိုင်တဲ့ Vahana မိုးပျံတက္ကစီကို မိတ်ဆက်ထားပါတယ်။ ယာဉ်မောင်း လုံးဝမသုံးဘဲ ပျံသန်းပြခဲ့တဲ့ ဒီယာဉ်ဟာ မကြာခင်မှာ စီးပွားဖြစ် မိုးပံျယာဉ်အဖြစ် ဝန်ဆောင်မှု ပေးဖို့အလားအလာကောင်းတွေ ရရှိထားတယ်လို့ဆိုပါတယ်။

Airbus Vahana (photo: DailyMail)

 

Rolls-Royce ဟာ ကားအပြင် လေယာဉ်များ ၊ ဟယ်လီကော်ပတာနဲ့သဘောၤများအတွက်ပါ အင်ဂျင်မျိုးစုံ ထုတ်လုပ် ပေးနေတာ ဖြစ်ပြီး မိုးပျံကားထုတ်လုပ်ရေးအတွက် တစ်ခြားကုမ္ပဏီများနဲ့လည်း ပါတနာအဖြစ် ပူးပေါင်းသွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က