AD
AD
AD
play

 

play

မြန်မာနိုင်ငံမှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိတဲ့ Samsung Myanmar ကနေပြီး မကြာခင်ကျရောက်မယ့် သင်္ကြန်ပွဲတော်အထိမ်းအမှတ် အထူးအစီအစဉ်နဲ့ အတူ ၄င်းလက်ရှိဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ အကောင်အထည်ဖော်ရာမှာ customer တွေရဲ့ အရေးပါမှုကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။

၂၀၁၈ သင်္ကြန်နှစ်ကူး ကံစမ်းမဲ အထူးအစီအစဉ်ကို မတ်လ ၅ရက်နေ့ကနေ ဧပြီလ ၃၀ရက် နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး အကျိုးအမြတ်ရဲ့ တစိတ်တစ်ဒေသအား မြန်မာနိုင်ငံ လူမှုအကျိုးပြုလုပ်ငန်းများတွေမှာ ထည့်ဝင်လှူဒါန်းသွားမယ် လို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Samsung Iconic Customer Service Plaza မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ကြေညာလိုက်တာပါ။

“ကျွန်တော်တို့ရဲ့ အခုကံစမ်းမဲ အစီအစဉ်မှာ Samsung ထုတ်ကုန်ပစ္စည်းတွေကို ၀ယ်ယူအားပေးကြတဲ့ customer တွေအနေနဲ့   မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့  လူမှုအကျိုးပြုလုပ်ငန်းတွေမှာ  တစ်ဖက်တစ်လမ်းက ပါဝင်နိုင်သွားကြမှာပါ။ ဒါဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရုံတင်မကဘဲ လိုအပ်နေတဲ့ လူမှုပတ်ဝန်းကျင်ကို ကူညီပံ့ပိုးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကိုလည်း အတူတကွ ဖော်ဆောင်လိုက်တာပါပဲ။” လို့ Samsung Myanmar ရဲ့ Head of Consumer Electronics ဖြစ်သူ Mr. Khan Wai Yep ကပြောပါတယ်။

အဆိုပါ ကံစမ်းမဲ အစီအစဉ်အတွက် Samsung Myanmar မှ ပထမဆု Suzuki Ciaz ကား အသစ် တစ်စီးနှင့်အတူ တီဗွီ၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက်တွေ အပါအဝင် အခြား ဆုမဲပေါင်း ၂၆၀ကျော်အား မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ကံထူးသူတွေကို မေလ ၃၁ ရက်နေ့မှာ ကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။

ကံစမ်းမဲ အစီအစဉ် ကာလအတွင်း ရရှိတဲ့ အကျိုးအမြတ်တွေကို Samsung Myanmar မှ လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေသော ပညာရေးအခြေပြုလူမှုအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ ၂၀၁၃ ခုနှစ်မှ  စတင်ကာ ကွန်ပျူတာတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး နှစ်စဉ်ဖွင့်လှစ်နေတဲ့ Mobile Application ရေးဆွဲနည်းသင်တန်း၊ ၂၀၁၆ ခုနှစ်မှ စတင်ကာ နည်းပညာတက္ကသိုလ်များ၊ နည်းပညာအထက်တန်းကျောင်းများနဲ့ ပူးပေါင်း ဖွင့်လှစ်နေတဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းများနဲ့  ၂၀၁၅ ခုနှစ်မှာ စတင်လက်တွဲဆောင်ရွက်ခဲ့တဲ့ Myanmar Mobile Education Project (myME) NGO အတွက် သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ လှူဒါန်းရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Samsung Myanmar ရဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေအကြောင်းကို အသေးစိတ်ပိုမိုသိရှိလိုပါက အောက်ကပုံမှာဖော်ပြထားတဲ့ infographic မှာ လေ့လာနိုင်ပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD