AD
AD
AD

Galaxy Note စီးရီးချစ်သူများအတွက် အရေအတွက် အကန့် အသတ်နဲ့ ထုတ်လုပ်ထားတဲ့ Galaxy Note Fan Edition စမတ်ဖုန်းသစ်ကို ပြည်တွင်းမှာ အောက်တိုဘာလ ၃၀ ရက် (ဒီနေ့ မှာ) စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

play

 

Samsung ထုတ် Galaxy Note စီးရီးတွေထဲမှာ ပထမဆုံး IP68 rating ရေစိုခံဖုန်းတစ်လုံး ဖြစ်ပြီး home key ပါ နောက်ဆုံး Note စီးရီးလို့ ဆိုရမယ့် Fan Edition ဟာ Galaxy Note 7 ကိုမှ အသစ်ပြန်ပြီး အကောင်းဆုံးနဲ့ အလုံခြုံဆုံး ဘက်ထရီစနစ်နဲ့ ပြင်ဆင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာ ပြည်တွင်းဈေးကွက်ထဲ ရောက်လာမယ့် ဒီဖုန်းဟာ မူရင်း Galaxy Note 7 ကို ပြန်လည်ဆန်းသစ်ထားတာဖြစ်ပြီး ဘက်ထရီစနစ်ကို အဆင့် ၈ ဆင့်ပါ 8-Point Battery Safety Check စနစ်နဲ့ အလုံခြုံဆုံးသေချာစစ်ဆေးထားတဲ့ 3200 mAh ဘက်ထရီသစ်ကို ပြောင်းလဲ အသုံးပြုထားတာပါ။တစ်ခြား specs တွေကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

 

အကြမ်းခံ ၊ အပွန်းအစင်းဒဏ်ခံနိုင်တဲ့ Gorilla Glass 5 အုပ်ထားပြီး မျက်နှာပြင် အရွယ်အစား ၅.၇ လက်မ QHD Super AMOLED display ကြောင့် ရုပ်ထွက်ကြည်လင်ပြတ်သားသလောက် အလင်းအမှောင်နဲ့ အရောင်အသွေး တောက်ပစုံလင်မှုများကို ရုပ်ရှင်ကြည့်သလို ခံစားရမှာ ဖြစ်ပါတယ်။ processor ကတော့ Samsung ထုတ် Exynos 8890 SoC နဲ့ RAM 4GB/storage 64GB ပါရှိသလို microSD card ကနေလည်း နောက်ထပ် 256GB အထိ သိုလှောင်မှုကို မြှင့်တင်နိုင်မှာပါ။ လုံခြုံရေးစနစ်အနေနဲ့ home button မှာ fingerprint ထည့်ထားသလို iris scanner ကနေလည်း ဖုန်းကို လော့ခ်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

 

Note စီးရီးတွေရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ S Pen ကလည်း ဒီဖုန်းရဲ့ highlight feature ဖြစ်ပြီး ဘောပင်တစ်ချောင်းလိုမျိုး smart select သုံးတာ ၊ GIF ဖန်တီးတာအပြင် screen ချုံ့ ချဲ့ တာနဲ့ ဘာစကားတွေကို Translate လုပ်တာမျိုးတွေကို တိကျမြန်ဆန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရင် Note 7 စီးရီးလိုပဲ Dual Pixel 12MP OIS ကျောဘက်ကင်မရာနဲ့ 5MP ဆယ်ဖီကင်မရာတွေကို သုံထားတာကြောင့် ကင်မရာကောင်းတဲ့ စမတ်ဖုန်းလို့ လည်း ဆိုနိုင်ပါတယ်။ ဒီဖုန်းဟာ wireless စနစ်နဲ့ အားသွင်းနိုင်သလို Fast Charging support ပေးထားလို့ အားသွင်းရ မြန်ဆန်စေမှာ ဖြစ်ပါတယ်။

play

 

ဈေးကွက်ထဲ ဝင်လာတဲ့ Note FE ဟာ အနက်နဲ့ အပြာ နှစ်မျိုးတည်းနဲ့ ထွက်လာတာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၇၉၉၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာပါ။ Galaxy Note FE ကို KBZ ဘဏ်နဲ့ ချိတ်ဆက်ပြီးလည်း အတိုးမဲ့ ၆ လအရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်အောင် Samsung Myanmar မှ စီစဉ်ထားတဲ့အပြင် Ooredoo Myanmar နဲ့ ပူးပေါင်းပြီး ဖုန်းဘေလ် ၁ သောင်းကျပ်ဖြည့်သွင်းရုံနဲ့ အင်တာနက်ဒေတာ 1GB ကို သုံးလအထိ ပေးသွားမယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD