လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားတယ်လို့ဆိုပါတယ်

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ တရုတ်မှာ လည်ပတ်နေတဲ့ Samsung စမတ်ဖုန်းစက်ရုံ ၂ ရုံထဲက တစ်ခုကို ပိတ်သိမ်းသွားမယ်လို့သတင်းထွက်နေပါတယ်။



Photo: Sam Mobile

 

တရုတ်နိုင်ငံ မြောက်ပိုင်း တီအန်ဂျင်းမှာ ရှိတဲ့ ဖုန်းစက်ရုံ TSTC ကို အပြီးတိုင် မပိတ်သေးခင် စက်ရုံရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ဆိုင်းငံ့သွားဖို့လည်း Samsung ဟာ စီစဉ်နေတာပါ။ ဒီစက်ရုံမှ စမတ်ဖုန်းထုတ်လုပ်မှုတွေကိုတော့ လျှော့ချထားပြီး ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ Samsung အမှုဆောင်အရာရှိတစ်ဦးက ပြောပါတယ်။

Samsung ဟာ တရုတ်ဈေးကွက်မှာ စမတ်ဖုန်းရောင်းအား ထိုးကျနေပြီး ပြည်တွင်း စမတ်ဖုန်းကုမ္ပဏီများရဲ့ ရောင်းအားကို လိုက်မမှီတော့ပါဘူး။ လက်ရှိမှာ Samsung ရဲ့ တရုတ်ဈေးကွက် စမတ်ဖုန်းဝေစုဟာ ၁% အောက် ကျဆင်းနေပြီး ဝင်ငွေ ကာမိစေဖို့စက်ရုံတွေရဲ့ လည်ပတ်ခ စရိတ်တွေကို ဖြတ်တောက်လိုက်တဲ့ သဘောလည်း ဖြစ်နေပါတယ်။

"Samsung ဟာ တီအန်ဂျင်းစက်ရုံကနေ နောက်ထပ် အော်ဒါသစ်တွေ မမှာတော့ဘူးလို့ဆိုပါတယ်။ တနည်းအားဖြင့် အဲဒီမှာ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းတော့မှာပါ" လို့သတင်းအရင်းအမြစ်တစ်ခုက ETNews ကို ပြောသွားခဲ့ပါတယ်။

တီအန်ဂျင်းစက်ရုံကို ၂၀၀၁ ခုနှစ်က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ထိုစဉ်က Samsung ဟာ တရုတ်မှာ ဈေးကွက်ဝေစု ကြီးကြီးမားမား ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တီအန်ဂျင်းစက်ရုံကနေ Samsung ဟာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွေအတွက်ပါ စမတ်ဖုန်းတွေ ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အိန္ဒိယနဲ့ဗီယက်နမ်လိုမျိုး ဈေးကွက်သစ်တွေမှာ စက်ရုံတွေ တိုးချဲ့လာခဲ့ပါတယ်။

တီအန်ဂျင်းအပြင် တရုတ်မှာ နောက်ထပ် ဖွင့်လှစ်ထားတဲ့ Samsung စမတ်ဖုန်းစက်ရုံကတော့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဟူအင်ကျိုးမှာလည်း တည်ရှိပါတယ်။ တီအန်ဂျင်း Samsung တယ်လီကွန်းစက်ရုံကနေ ၂၀၁၄ ခုနှစ်မှာ ဝမ် ၁၁.၄၁ ထရီလီယံ ( ဒေါ်လာ ၁၀ ဘီလျံ) ဖိုး ရောင်းချနိုင်ခဲ့ပြီး ၂၀၁၅ အရောက်မှာတော့ ဝမ် ၆.၉၃ ထရီလီယံ (ဒေါ်လာ ၆.၁ ဘီလျံ) ဖိုးပဲ ထုတ်လုပ်နိုင်ခဲ့တာပါ။

နိုအီဒါရှိ Samsung ဖုန်းစက်ရုံသစ် ( Photo: The Next Web)

 

Samsung ဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကပဲ တစ်နှစ်ကို စမတ်ဖုန်းအလုံးရေ သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်မယ့် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုကို အိန္ဒိယနိုင်ငံ နိုအီဒါမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်မှာ ရှိတဲ့ စမတ်ဖုန်းစက်ရုံ ပိတ်သိမ်းမယ့်ကိစ္စကတော့ အခုချိန်အထိ မဆုံးဖြတ်ရသေးဘူးလို့လည်း သတင်းထွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က