ရောဂါတစ်မျိုးကို ဝမ် သန်း ၁၅၀ အထိ ထောက်ပံ့ပေးသွားမှာပါ

လုပ်ငန်းခွင်အတွင်း အသက်ဆုံးပါးရတဲ့ ဝန်ထမ်းတွေကို လျော်ကြေးငွေ အမြောက်အများ ပေးဖို့Samsung ကုမ္ပဏီမှ သဘောတူလိုက်ပြီ လို့ဆိုပါတယ်။

20150903001615_0.jpg

Photo: The Korea Herald

 

၂၀၀၇ ခုနှစ်က Samsung ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဟွမ်ယူမီဟာ သွေးကင်ဆာကြောင့် ဆေးရုံပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ အုံကြွမှုတွေကြောင့် အခုလို သဘောတူညီချက် ထွက်လာတာပါ။ ဟွမ်ယူမီဟာ အငှားယာဉ်မောင်းနေတဲ့ သူ့ဖခင်ရဲ့ တက္ကစီပေါ်မှာပဲ ကွယ်လွယ်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဟွမ်ယူမီဟာ ဆူဝမ်မှာ ရှိတဲ့ Samsung Electronics မှာ အော်ပရေတာတစ်ဦးအဖြစ် ၅ နှစ်ကြာ အလုပ်ဝင်ခဲ့တာ ဖြစ်ပါတယ်။

သမီးဖြစ်သူကို သူ့လက်ပေါ်မှာတင် ဆုံးရှုံးလိုက်ရတဲ့ ဟွမ်ဆန်းကီဟာ စက်ရုံတွင်း ထိတွေ့ရတဲ့ ဓါတုပစ္စည်းတွေနဲ့ဆက်စပ်ပြီး ဖြစ်ပွားတဲ့ ရောဂါဘယများ ၊ ကိုယ်ဝန်ပျက်ကျမှုများနဲ့တစ်ခြား နာမကျန်းမှုများကို ကြုံတွေ့ခဲ့တဲ့ ဝန်ထမ်းတွေအတွက် လျော်ကြေးပေးဖို့ ကမ်ပိန်းတစ်ခု ထောင်ပြီး ဦးဆောင်လှုံ့ဆော်ခဲ့ပါတယ်။

Samsung စက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးပေါ် အာရုံစိုက်မှု ရစေဖို့ဟွမ်ဆန်းကီဟာ Semiconductor စက်ရုံတွင်းမှ လူများ ကျန်းမာရေးနဲ့အခွင့်အရေး ပံ့ပိုးသူများ (Sharps) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဒေသတွင်း အလုပ်သမားအဖွဲ့အစည်းတွေ အကူအညီနဲ့၂၀၀၇ ခုနှစ် နိုဝင်ဘာလထဲမှာ ထူထောင်ခဲ့ပြီး Samsung လုပ်ငန်းခွင်တွေမှာ လျော်ကြေးတောင်းဖို့ထိုင်သပိတ်များ ဆင်နွဲှခဲ့ပါတယ်။

"အလုပ်ခွင်ထဲမှာ ဓါတုပစ္စည်းတွေနဲ့ထိတွေ့ရတဲ့ Samsung ဝန်ထမ်းတွေ တရှောင်ရှောင်ဖြစ်ပြီး သေဆုံးရတဲ့ ဖြစ်ရပ်တွေက ၁၀ နှစ်ကျော်ကြာ မဖြေရှင်းနိုင်တဲ့ ပြဿနာအဖြစ် ရှိနေခဲ့ပါတယ်။ " လို့ဟွမ်ဆန်းကီက ပြောခဲ့ပါတယ်။ ၂၀၁၈ ဇွန်လထဲမှာ Sharps အဖွဲ့အစည်းဟာ ဓါတုပစ္စည်းထိတွေ့မှုကြောင့် ဝေဒနာခံစားရသူ ၃၁၉ ဦးကို တွေ့ရှိထားပြီး ဒီထဲက ၁၁၇ ဦးကတော့ အနိစ္စရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Sharps အဖွဲ့အစည်းရဲ့ အစဉ်တစိုက် လှုပ်ရှားမှုကြောင့် Samsung ဟာ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေရော အခြား sub-con ကနေ ပြန်ငှားထားတဲ့ ဝန်ထမ်းတွေကိုပါ လျော်ကြေးပေးသွားဖို့သဘောတူလိုက်တာပါ။ သဘောတူညီချက်အရ Samsung စက်ရုံမှာ ဓါတုပစ္စည်းထိတွေ့မှုကြောင့် ရောဂါဖြစ်ရတဲ့ ဝန်ထမ်းများ  ၊ အလားတူ ဝေဒနာခံစားရတဲ့ ဝန်ထမ်းသားသမီးများကိုပါ ရောဂါတစ်မျိုးကို ဝမ် သန်း ၁၅၀ (ပေါင် ၁၀၂၉၀၇) ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

ဟွမ်ယူမီရဲ့ အကြောင်း ရိုက်ကူးထားတဲ့ Another Promise ဆိုတဲ့ ရုပ်ရှင်ကားဟာလည်း ၂၀၁၄ ဖေဖော်ဝါရီမှာ ရုံတင်ပြသခဲ့သလို Samsung စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ သွေးကင်ဆာနဲ့တစ်ခြားသွေးနဲ့ဆက်စပ်တဲ့ ကင်ဆာရောဂါဝေဒနာသည် ဝန်ထမ်း ၅၇ ဦးအကြောင်း စုစည်းတင်ပြတဲ့ Empire of Shame ရုပ်သံမှတ်တမ်းလည်း ထွက်လာခဲ့ပါတယ်။

Sasmung ကတော့ စက်ရုံတွင်း ဘေးကင်းစိတ်ချရတဲ့ လုပ်ငန်းခွင်အခြေအနေတွေဖြစ်အောင် အဆင့်မြှင်တင် ထိန်းသိမ်းဖို့အတွက် ၂၀၁၁ ခုနှစ်ထဲမှာ ဒေါ်လာ ၈၈ သန်း သုံးစွဲခဲ့တယ်လို့တုန့်ပြန်ထားပါတယ်။

Photo: Korea Asia Media

 

၂၀၁၈ စက်တင်ဘာလထဲမှာတော့ ဆိုးလ်မြို့တောင်ပိုင်း ဆူဝန်မှာရှိတဲ့ Samsung ရဲ့ semiconductor စက်ရုံ ဂတ်စ်ယိုစိမ့်မှုကြောင့် အသက် ၂၄ နှစ်အရွယ်  အလုပ်သမား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

Share

Loading Next Article...
က္က