နိုင်ငံတကာ မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲအဖြစ် ကျင်းပသွားမှာပါ

နိုင်ငံနဲ့တိုက်ကြီး ၆ ခုမှ  PUBG ပလေယာတွေ ဝင်ပြိုင်နိုင်မယ့် ဒေါ်လာ ၆ သိန်းတန် ပြိုင်ပွဲကြီးအတွက် Samsung နဲ့PUBG တို့ပူးပေါင်းလိုက်ပါတယ်။

PUBG Mobile Star Challenge နာမည်နဲ့ကျင်းပသွားမယ့် ဒီဂိမ်းပြိုင်ပွဲကို social follower ၁၀၀၀ ကျော်ရှိတဲ့ players တွေ ဝင်ပြိုင်နိုင်မှာပါ။ ပြိုင်ပွဲကိုတော့ မြောက်အမေရိက ၊ တောင်အမေရိက ၊ ဂျပန် ၊ ဥရောပ ၊ အာရှနဲ့တရုတ် စတဲ့ ဒေသ ၆ ခုက ပလေယာတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်လို့global tournament လို့ဆိုနိုင်ပါတယ်။

 

ပထမဆုံး ဒေသအလိုက် Regional final ကို ယူကရိန်းနိုင်ငံ ကိဗ်မှာ စက်တင်ဘာ ၂၉-၃၀ နှစ်ရက်တာ ကျင်းပသွားမှာပါ။ ဥရောပမှာ ချန်ပီယံအသင်းတွေဟာ ဒေါ်လာ ၂ သောင်း ချီးမြှင့်ခံရပြီး World Finals အဆင့်ကို ုတက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ဖိုင်နယ်ပွဲကို ဒီနှစ်ကုန်ပိုင်း ဒူဘိုင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒေသတွင်း ဖိုင်နယ်တွေကနေ ၁၃ သင်း နဲ့အထူးသီးသန့်ဖိတ်ခေါ် ၇ သင်း တို့ယှဉ်ပြိုင်ရမှာပါ။

နောက်ဆုံး Global မှာ ချန်ပီယံဖြစ်မယ့် အသင်းဟာ ဒေါ်လာ ၂ သိန်း ရမှာ ဖြစ်ပြီး first-runner up နဲ့2nd runner up အသင်းကတော့ ဒေါ်လာ ၁ သိန်း နဲ့ဒေါ်လာ ၅ သောင်း ဆုရရှိမှာ ဖြစ်ပါတယ်။ Regional မှာ runners ရတဲ့ အသင်းတွေကိုတော့ ဒေါ်လာ ၁၅၀၀၀ နဲ့တတိယနေရာအသင်းကို ဒေါ်လာ ၁ သောင်း ချီးမြှင့်သွားမယ်လို့ဆိုပါတယ် ။

ဂိမ်းလောကမှာ eSports ပြိုင်ပွဲတွေဟာ အတော့်ကို အရေးပါလာပါတယ်။ Newzoo ဈေးကွက်သုတေသနအရ ၂၀၁၈ ခုနှစ်အတွင်း eSports တွေပေးတဲ့ ဆုကြေးတန်ဖိုး စုစုပေါင်းဟာ ဒေါ်လာ ၉၀၆ သန်း ထိ ရှိတယ်လို့ဆိုပါတယ်။ များသောအားဖြင့် eSports တွေဟာ PC နဲ့console ဂိမ်းဘက်ကို ဦးတည်တာတွေ ရှိပေမယ့် အာရှတစ်ခွင်မှာတော့ မိုဘိုင်းဂိမ်းကဏ္ဍက အတော်လေး ရေပန်းစားလာပါတယ်။

Photo: revu

 

PUBG နဲ့အပြိုင် Fortnite ကတော့ နောက်နှစ်မှာ ဒေါ်လာ သန်း ၁၀၀ တန် နိုင်ငံတကာ eSports ဂိမ်းပြိုင်ပွဲကျင်းပသွားမယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က