ပြည်နယ် ၇ ခုမှ SIM cardများ လှည့်လည်ခိုးပြီး ပိုင်ရှင်တွေဆီက ဒေါ်လာ သိန်းနဲ့ချီတန်တဲ့ ငွေတွေ လိမ်ထုတ်နေသူတစ်ဦးကို ဖလော်ရီဒါရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

shutterstock_196839467.jpg

Photo: bitcoinist

 

တရားခံဖြစ်သူ ရစ်ကီဟန်းရှုမန်ချာဟာ AT&T ဝန်ထမ်းအဖြစ် ဟန်ဆောင်ပြောဆိုနေစဉ်မှာ မိခင်ဖြစ်သူက ကြားသိသွားပြီး ရဲခေါ်ခဲ့တာပါ။ ရဲတပ်ဖွဲ့များဟာ ဟန်းရှုမန်ချာ အခန်းထဲမှာ ခိုးထားတဲ့ SIM cards များ ၊ ဖုန်းများနဲ့အတူ နာမည်စာရင်းနဲ့ဖုန်းနံပါတ်များ ထည့်ထားတဲ့ ဖိုင်တွဲများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီနောက်မှာတော့ တရားခံနဲ့အတူ တွေ့ရတဲ့ SIM card တွေဟာ ပြည်နယ် ၇ ခုမှ လူ ၇ ဦးရဲ့ SIM Card တွေ ဖြစ်တယ်လို့ဖော်ထုတ်နိုင်ခဲ့ပြီး ဒီဆင်းမ်ကတ်တွေကနေတစ်ဆင့် မူလပိင်ရှင်များရဲ့ ID နဲ့cryptocurrency အကောင့်များ ထဲမှ ဒေါ်လာ သိန်းနဲ့ချီ ခိုးယူခဲ့တယ်လို့ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းချက်အရ ဟန်းရှုမန်ချာနဲ့အတူ အခြား လူ ၈ ဦးခန့်လည်း ပါဝင်နေတယ်လို့ဆိုပါတယ်။

ဒီအဖွဲ့ဟာ ဆယ်လူလာဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ပြီး SIM Card အခိုးခံထားရသူများဆီက အချက်အလက် တောင်းခဲ့တာပါ။ ဒီအချက်အလက်တွေကနေ ဖုန်းနံပါတ်နဲ့ချိတ်ဆက်ထားတဲ့ passwords များထဲ ဝင်ပြီး cryptocurrency အကောင့်များထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဟန်းရှုမန်ချာဟာ cryptocurrency ငွေလဲဌာနတွေကနေ ဒေါ်လာ ၁ သိန်းကျော် ခဝါချခဲ့တယ်လို့ ဝန်ခံထားပါတယ်။

Instagram အကောင့်တွေထဲ ဝင်ရောက်နိုင်တာကြောင့် ကုမ္ပဏီဟာ SIM ဟက်ကာတွေ မသိစေဖို့Google Authenticator နဲ့Duo တို့လို security apps တွေနဲ့တွဲသုံးနိုင်မယ့် non SMS Two-factor လုံခြုံရေးစနစ်ကို ပြောင်းသုံးသွားမယ်လို့ကြေငြာထားပါတယ်။ ဟက်ကာတွေဟာ သူတို့ပစ်မှတ်ထားနေသူရဲ့ ဖုန်းနံပါတ်သုံးပြီး မတူညီတဲ့ SIM Card ကနေ SMS two-factor အားနည်းချက်ကို သုံးသွားတာပါ။

Photo: 9to5mac

 

SIM ကဒ်ကနေ ပိုင်ရှင်ရဲ့ အချက်အလက်များ ခိုးယူတဲ့ SIM-Hacking စနစ်ဟာ crypto wallet နဲ့အွန်လိုင်းဘဏ်စနစ်များထဲ ဝင်ရောက်ဖို့အလွယ်ကူဆုံး နည်းလမ်းတစ်ခု ဖြစ်ပြီး နောက်ပိုင်းဆိုက်ဘာလုံခြုံရေးမှာ နာမည်ကြီးနေတဲ့ အွန်လိုင်းခိုးယူနည်း တစ်ခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့လကလည်း ကယ်လီဖိုးနီးယား လူတစ်ယောက်ဟာ SIM-hacking နည်းလမ်းသုံးပြီး cryptocurrency ထဲမှ ဒေါ်လာ သန်းပေါင်းများစွာ ခိုးထုတ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က