တစ်လအထိ ပိတ်ထားလို့ရမှာပါ

ဆက်သွယ်ရေးအော်ပရေတာ သုံးခုဖြစ်တဲ့ MPT ၊ Telenor နဲ့Ooredoo တို့ဆီမှ ပေးပို့လာတဲ့ SMS များကို ပယ်ဖျက်နိုင်ပြီ ဖြစ်တယ်လို့စားသုံးသူရေးရာ ဦးစီးဌာန CICC မှ အသိပေးထုတ်ပြန်ထားပါတယ်။


37271078_1160712340744679_4160309136283664384_n.jpg

photo: CICC Facebook

 

စားသုံးသူ (သုံးစွဲသူ) ပြည်သူများသို့မိမိအသုံးမပြုလိုသော SMS များကြောင့် စိတ်အနှောက်အယှက်မဖြစ်စေရေး ညှိနှိုင်းချက်ကနေ ထုတ်ပြန်အသိပေးထားတာ ဖြစ်ပြီး Operator အသီးသီးမှ SMS များကို ပယ်ဖျက်နည်းပါ ထည့်သွင်း ဖော်ပြထားပါတယ်။

MPT ဖုန်းများမှာ *2007# ကနေတစ်ဆင့် OPTION ကို ရွေးချယ်ကာ ပယ်ဖျက်နိုင်မှာ ဖြစ်ပြီး Telenor နဲ့Ooredoo တို့မှာတော့ 500 နဲ့5059 တို့ကို DND ON ဟု SMS ပေးပို့ကာ ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာနဟာ အခုလို မလိုချင်တဲ့ SMS များ delete လုပ်ဖို့ပို့တဲ့ SMS အတွက် အခကြေးငွေ ပေးစရာမလိုဘူးလို့လည်း ကြေငြာထားပါတယ်။ သုံးစွဲသူများအနေဖြင့် မိမိတို့မသုံးလိုတဲ့ SMS များကို ရက်ပေါင်း ၃၀ အထိ ပိတ်လို့ရမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က