အွန်လိုင်းကနေ အဝတ်အစားရောင်းရင်း ချမ်းသာလာသူပါ

ကမ္ဘာကျော် ဘီလျံနာ အီလွန်မတ်စ်တည်ထောင်တဲ့ SpaceX ကတော့ လကမ္ဘာကို သွားမယ့် ပထမဆုံး ခရီးသည်တစ်ယောက် ရလိုက်ပြီ ဖြစ်ပါတယ်။



bandicam_2018_09_17_21_35_39_959.0 (1).jpg

Photo: The Verge

 

အီလွန်မတ်စ်ရဲ့ ထုတ်ပြန်ချက်အရ SpaceX နဲ့ခရီးသွားမယ့်သူဟာ Zozo အွန်လိုင်း ဖက်ရှင်စတိုးရဲ့ CEO နဲ့တည်ထောင်သူ ဂျပန်စီးပွားရေးသမား ယူဆာကာ မာအီဇာဝါဖြစ်တယ်လို့ဆိုပါတယ်။ SpaceX ပိုင် Big Falcon Rocket (BFR) ယာဉ်နဲ့လိုက်ပါမှာ ဖြစ်ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ခရီးသွားတော့မှာပါ။

မာအီဇာဝါကတော့ သူ့ခရီးစဉ်မှာ အနုပညာရှင်တွေကိုလည်း ခေါ်သွားမယ်လို့ပြောပါတယ်။

"ကျွန်တော့်ရဲ့ လကမ္ဘာသွား ခရီးစဉ်မှာ အနုပညာသမား ၆ ဦးကနေ ၈ ဦးအထိ လိုက်ပါဖို့ဖိတ်ကြားသွားချင်ပါတယ်။ ဒီအနုပညာရှင်တွေဟာ ကမ္ဘာမြေကို ပြန်ရောက်လာတဲ့အခါ ကျွန်တော်တို့ရင်ထဲက စိတ်ကူးတွေကို ကွန့်မြူးပေးနိုင်မယ့် ဂန္တဝင်လက်ရာတွေ ဖန်တီးပေးဖို့တောင်းဆိုသွားမှာပါ" လို့ဆိုပါတယ်။

 

မာအီဇာဝါကိုယ်တိုင်ကလည်း အနုပညာသမားတစ်ဦး ဖြစ်ဖူးပါတယ်။ သူအထက်တန်းကျောင်းသားဘဝ ၁၉၉၁ ခုနှစ်မှာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ Switch Style ဆိုတဲ့ တီးဝိုင်းတစ်ခု တည်ထောင်ခဲ့သလို နောက်ပိုင်း အမေရိကန်ကို ရောက်သွားတော့လည်း CDs တွေကို သဲကြီးမဲကြီး စုဆောင်းခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်မှာ Start Today ဆိုတဲ့ အယ်လ်ဘန်ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က စကာ အွန်လိုင်းပေါ်ကနေ အဝတ်အစားတွေ ရောင်းချခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ zozotown အွန်လိုင်းလက်လီအဝတ်ဆိုင်ဖွင့်ခဲ့ပြီး  အခုချိန်မှာ ဂျပန်နိုင်ငံရဲ့ ၁၄ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ အရင်နှစ် မေလဆန်းပိုင်းက Forbes မဂ္ဂဇင်းမှ သူဟာ အနည်းဆုံး ဒေါ်လာ ၃.၆ ဘီလျံ ချမ်းသာမယ်လို့ခန့်မှန်းခဲ့ပါတယ်။

Photo: CNBC

 

လကမ္ဘာကို သွားမယ့် ခရီးစဉ်အတွက် သူဘယ်လောက်အထိ အသုံးပြုခဲ့တယ်ဆိုတာ မသိရပါဘူး။ BFR ယာဉ်တည်ဆောက်ဖို့အတွက်တော့ အီလွန်မတ်စ်မှ အကြမ်းဖျဉ်း ဒေါ်လာ ၅ ဘီလျံ ကုန်ကျမယ်လို့ခန့်မှန်းထားပါတယ်။ မကြာသေးမီက ဂျက်ဖ်ဘီဇော့စ်ရဲ့ Blue Origin ပိုင် New Shepard အာကာသခရီးသွားလက်မှတ်တစ်စောင်ဟာ အနည်းဆုံး ဒေါ်လာ ၂ သိန်းကျော် ကျသင့်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က