virtual store တွေ ထောင်ပြီး ကော်ဖီဝန်ဆောင်မှုပေးတော့မှာပါ။

နာမည်ကျော် ကော်ဖီလုပ်ငန်းတစ်ခုဖြစ်တဲ့ Starbucks နဲ့တရုတ်ရဲ့ အကြီးဆုံး eCommerce လုပ်ငန်းစုကြီး ဖြစ်တဲ့ Alibaba တို့ပူးပေါင်းပြီး တရုတ်နိုင်ငံအတွင်း ကော်ဖီဝန်ဆောင်မှုလုပ်ငန်း စတင်တော့မှာပါ။

starbucks-1.jpg

Photo: Tech Crunch

 

Starbucks ဟာ Alibaba ပိုင် e Commerce ဝန်ဆောင်မှုများ ဖြစ်တဲ့ Ele.me ပစ္စည်းပို့ဆောင်ရေး ၊ Hema အွန်လိုင်းစူပါမားကတ် ၊ Tmall ၊ Taobao နဲ့Alipay ငွေချေမှု စတဲ့ ပလက်ဖောင်းများကနေ Starbucks ကော်ဖီ ဖြန့်ဖြူးရောင်းချမှု စတင်တော့မယ်လို့ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကြေငြာခဲ့ပါတယ်။

ယခုနှစ် စက်တင်ဘာလမှာ Starbucks နဲ့Alibaba တို့ပူးပေါင်းထားတဲ့ ကော်ဖီပို့ဆောင်ရေးကို ဘေဂျင်းနဲ့ရှန်ဟိုင်းမြို့ကြီးများမှ စတိုးဆိုင်ပေါင်း ၁၅၀ မှာ စတင်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာတော့ ဒီဝန်ဆောင်မှုကို မြို့ပေါင်း ၃၀ က စဆိုးဆိုင်ပေါင်း ၂၀၀၀ ကျော်မှာ တိုးချဲ့သွားမှာပါ။

ယခုပူးပေါင်းမှုကြောင့် Starbucks ရဲ့ စားသောက်ကုန်များဟာ Alibaba ရဲ့ နည်းပညာများ ဖြစ်တဲ့ app ကနေ ဒစ်ဂျစ်တယ်အော်ဒါမှာယူမှုစနစ် များ ၊ AR အတွေ့အကြုံများ ပါဝင်တဲ့ အစားအသောက်စာရင်း ကြည့်ရှုခြင်း ၊ အထူးစားသောက်စရာ အော်ဒါမှာယူခြင်း နဲ့စားသုံးသူ အလိုကျ အစားအသောက်မှာယူ ပြင်ဆင်ပေးခြင်းများ လုပ်ဆောင်နိုင်တော့မှာပါ။

"ကျွန်တော်တို့ဟာ အိမ် ၊ ရုံး ၊ စတိုးနဲ့ဒစ်ဂျစ်တယ်အနေအထားတွေအကြားက အဟန့်အတားတွေကို ချိုးဖျက်လိုက်တာပါ" လို့Starbucks ရဲ့ CEO ဘယ်လင်ဒါ ဝမ်က ပြောပါတယ်။ Starbucks ဟာ ရှန်ဟိုင်းနဲ့ဟန်ကျိုးမှာ ရှိတဲ့ Hema စူပါမားကတ်တွေမှာ Starbucks Delivery Kitchen ဝန်ဆောင်မှုသစ်နဲ့အတူ ဒစ်ဂျစ်တယ်ပလက်ဖောင်းမျိုးစုံကနေ ဝန်ဆောင်မှုများ စီမံပေးမယ့် အွန်လိုင်းစီမံခန့်ခွဲမှုစနစ်လည်း သုံးသွားမှာပါ။

Starbuck လုပ်ငန်းများကို တရုတ်ပြည်မကြီးမှာ ၁၉၉၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး မြို့ပေါင်း ၁၄၀ မှာ ဆိုင်ခွဲပေါင်း ၃၄၀၀ ခန့်ဖွင့်လှစ်ထားသလို တရုတ်ကော်ဖီဈေးကွက်ရဲ့ ၈၀%ကိုလည်း ထိန်းချုပ်ထားတယ်။ ၂၀၁၈ ဒုတိယသုံးလပတ်စစ်တမ်းမှာတော့ ပစ္စည်းပို့ဆောင်ရေး စည်းမျဉ်းသစ်များနဲ့ပြိုင်ဘက်သစ်တွေကြောင့် Starbucks ရဲ့ တရုတ်နိုင်ငံအတွင်း ရောင်းအားဟာ ၂% ကျဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှ startup လုပ်ငန်းတစ်ခု ဖြစ်တဲ့ Luckin Coffee ကလည်း မိုဘိုင်းလ်အက်ပ်ကနေ ကော်ဖီအော်ဒါမှာယူနိုင်တဲ့ စနစ်သုံးပြီး Starbucks ကို ယှဉ်ပြိုင်လာနေတာပါ။ လုပ်ငန်းတည်ထောင်မှု တစ်နှစ်ပဲ ရှိသေးတဲ့ Luckin Coffee ဟာ ရင်းနှီးမြှပ်နှံသူများဆီကနေ ဒေါ်လာသန်း ၂၀၀ မတည်ငွေ ရထားပြီး တရုတ်နိုင်ငံအတွင်း ဆိုင်ခွဲပေါင်း၅၀၀ ကျော် နဲ့ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

Photo: Reuters

 

Alibaba နဲ့ပူးပေါင်းလိုက်ပြီးနောက် Starbucks ဟာ Alibaba apps သုံးစွဲသူ သန်း ၅၀၀ ကျော်ကိုပါ ဆွဲဆောင်နိုင်ဖို့အခွင့်အလမ်းများ ရရှိသွားတာပါ။ ၁၉၇၁ ခုနှစ်ကတည်းက ဝါရှင်နယ်ပြည်နယ် ဆီယက်တဲလ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Starbucks ကော်ဖီကုမ္ပဏီဟာ လုပ်ငန်းခွဲပေါင်း ၂၄၀၀၀ ဝန်းကျင်ရှိပြီး တစ်ကမ္ဘာလုံးမှာ ဝန်ထမ်းပေါင်း ၂ သိန်း ၄ သောင်းခန့်နဲ့လည်ပတ်နေပါတယ။

Share

Loading Next Article...
က္က