နည်းပညာအခြေပြု စီးပွားရေး အိုင်ဒီယာများ ယှဉ်ပြိုင်ရတာပါ

မြန်မာနိုင်ငံရဲ့ အကြီးဆုံး startup ပြိုင်ပွဲကြီးတစ်ခု ဖြစ်တဲ့ Startup Challenge 2018 မှ ဆုရရှိသူများကို ဇူလိုင်လ ၂၉ ရက်နေ့က 'ဖန်တီးရာ'မှာ ဆုများ ပေးအပ်ခဲ့ပါတယ်။

IMG_4566_1280x853.JPG 

ပြည်တွင်း Startup acclearator တစ်ခု ဖြစ်တဲ့ 'ဖန်တီးရာ' မှ စီစဉ်ကျင်းပခဲ့တဲ့ ဒီပွဲဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး နည်းပညာအခြေပြု စီးပွားရေးအိုင်ဒီယာများ ယှဉ်ပြိုင်ရတာပါ။ ဇူလိုင် ၂၁ ရက်ကနေ ၂၉ ရက်နေ့အထိ ၉ ရက်ကြာ ယှဉ်ပြိုင်သွားတဲ့ ဒီပွဲမှာ မတူညီတဲ့ ကဏ္ဍ ၃ ရပ်မှ Winner နဲ့1st Runner up နှစ်ခုစီ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ကဏ္ဍသုံးရပ်အနေနဲ့Tech For Farm ၊ Tech For Life နဲ့Tech For Company စတဲ့ ကဏ္ဍ ၃ ခု ပါရှိပြီး Winner အတွက် ဆုကြေး ဒေါ်လာ ၃၀၀၀ ၊ 1st Runner up အတွက် ဒေါ်လာ ၂၀၀၀ စီနဲ့စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁၅၀၀၀ ထိ ပေးသွားခဲ့တာပါ။ ဒီဆုကြေးတွေအပြင် အနိုင်ရအသင်းများဟာ 'ဖန်တီးရာ' ရဲ့ Pre-accelerator အစီအစဉ်ကိုလည်း ဝင်ရောက်ခွင့် ရမှာ ဖြစ်ပါတယ်။

Tech For Life ခေါင်းစဉ်အောက်မှာ Winner ဆုကို လမ်းကြောင်းစုံရဲ့ အချိန်ကို ချိတ်ဆက်ပေးမယ့် Lan Kyone အဖွဲ့မှ ရရှိသွားခဲ့ပြီး 1st Runner up ကို အဝတ်အထည် ချုပ်မယ့်သူများနဲ့အပ်ချုပ်သူများအကြား ချိတ်ဆက်ပေးမယ့် Fashion Geek အဖွဲ့မှ ရရှိသွားခဲ့တာပါ။

Tech For Farm ကဏ္ဍမှာတော့ Winner အဖြစ် Hydro Plant အဖွဲ့နဲ့1st Runner Up ကို တောင်သူများအတွက် ခိုင်မာတဲ့ ဓါတုလွတ်ဈေးကွက်တွေကို ဖန်တီးပေးဖို့အိုင်ဒီယာနဲ့Agropreneurs အဖွဲ့တို့မှ ရရှိခဲ့ပါတယ်။

Photo: Startup Challenge 2018

 

Tech For Company ကဏ္ဍရဲ့ Winner ဆုကိုတော့ ဒစ်စကောင့်နဲ့ဝယ်ယူလို့ရမယ့် ပစ္စည်းတွေ ကြည့်လို့ရမယ့် app နဲ့Brocode အဖွဲ့၊ 1st Runner Up ဆုကို အွန်လိုင်းကနေ အဝတ်အစားတွေ ဒိုဘီပေးပြီး လျှော်ဖို့အပ်လို့ရမယ့် မိုဘိုင်းလ် app နဲ့Dhobi.co တို့မှ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က