Tech News: လေးရက်အတွင်း ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၄၀ကျော်သွားတဲ့ Super Mario Run

App Store မှာ စံချိန်တင်သွားပါတယ်။

 

play

 

iOS အတွက် အပြေးအလွှား စွန့် စားခန်းများပါသည့် Super Mario Run ဂိမ်းဟာ လေးရက်အတွင်း သန်းပေါင်း ၄၀ အထိ ဒေါင်းလုပ်ဆွဲမှုရှိတယ်လို့  ဒီဂိမ်းကို ရေးဆွဲတဲ့ Nintendo ဂိမ်းကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

App Store မှ အခမဲ့ဂိမ်းများစာရင်းတွင် နိုင်ငံပေါင်း ၁၄၀ မှာ ပထမဆုံးအဆင့်ဝင်ခဲ့ပြီး နိုင်ငံ ၁၀၀ မှ အကျိုးအမြတ်အများဆုံးရသည့် ထိပ်တန်း ဂိမ်း ၁၀ မျိုး စာရင်းဝင်ခဲ့ပါတယ်။

ဒီဂိမ်းကို ခေါင်းဆောင်ရေးဆွဲသူ ရှီဂါယု မီယာမီတို ကတော့ “Mario ဂိမ်းဗားရှင်းအသစ်ကို တစ်ကမ္ဘာလုံးက လူတွေဆီ အရောက်ပို့ ဆောင်ပေးနိုင်လို့ ဝမ်းသာရပါတယ်။ ဂိမ်းထဲမှာ ဝယ်ရတဲ့ content တွေကို အပြည့်အဝနားလည်ဖို့ တော့ အချိန်ထပ်ပေးဖို့ လိုပါလိမ့်မယ်။ နောက်များမှာဆို ဒီဂိမ်းကို လက်တစ်ဖက်ထဲနဲ့  ဒီထက်မက နှစ်နှစ်ခြိုက်ခြိုက် ဆော့နိုင်တော့မှာဖြစ်ပြီး ကလေးများအတွက်လည်း ယုံယုံကြည်ကြည်ပေးဆော့ထိုက်တဲ့ ဂိမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့် ပြန့် လက်ခံသွားမယ်လို့ ယုံကြည်ထားပါတယ်” လို့ ဆိုပါတယ်။

 

Apple ရဲ့ အကြီးတန်းဒုတိယဥက္ကဌ ဖြစ်သူ ဖီးလ် ရှီလာ ကတော့ “Super Mario Run ဟာ လေးရက်တည်းနဲ့ ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၄၀ကျော်ပြီး App Store ရဲ့ စံချိန်ချိုးလိုက်နိုင်ပါတယ်။ ဒီအတွက်လည်း iOS သုံးကြသူ သန်းပေါင်းများစွာကိုလည်း ကျေးဇူးတင် ဂုဏ်ပြုချင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

play

 

Super Mario Run ကို App Store မှာ အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ဒေါင်းလုပ်ဆွဲရမယ့် လင့်ခ်ကတော့ https://itunes.apple.com/us/app/super-mario-run/id1145275343?mt=8&at=11l655 ဖြစ်ပါတယ်။

Source: iClarified

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ