ပြည်တွင်း တယ်လီကွန်းဝန်ဆောင်မှုပေးနေတဲ့ Telenor ရဲ့ 3G ကွန်ရက် Download Speed ဟာ ၅.၅ Mbps အထိ ရှိတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံတွင်းမှာ ဖြန့် ကျက်ထားတဲ့ 3G ကွန်ရက်တွေရဲ့ ဒေါင်းလုပ်အမြန်နှုန်းဟာ အာရှနဲ့ အရှေ့ တောင်အာရှနိုင်ငံတွေထဲမှာ အမြန်ဆုံးဖြစ်ပြီး ပျမ်းမျှ ၄.၇၉ Mbps မြန်နှုန်းရှိတယ်လို့ သိရပါတယ်။ အာရှနဲ့ အရှေ့ တောင်အာရှနိုင်ငံတွေရဲ့ ပျမ်းမျှ ဒေါင်းလုပ်အမြန်နှုန်းဟာ ၃.၅ Mbps ပဲ ရှိတယ်လို့ လည်းဆိုပါတယ်။

Telenor ရဲ့ 3G ကွန်ရက်စနစ်နဲ့ ပတ်သတ်ပြီး Telenor Myanmar ရဲ့ နည်းပညာပညာဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jai Prakash က “ကျွန်တော်တို့ရဲ့ သုံးစွဲသူ ၆၅ ရာခိုင်နှုန်းဟာ နိစ္စဓူဝ အင်တာနက် အသုံးပြု မှုတွေအတွက် ကောင်းမွန်တဲ့ 3G ကွန်ရက်ကို အားထားနေကြရဆဲပဲ ဆိုတာကို နားလည်ထား ပါတယ်၊ ဒါကြောင့်လည်း 3G ၀န်ဆောင်မှုအတွေ့အကြုံတွေ ပေးအပ်နိုင်အောင် ရင်းနှီးမြုပ်နှံမှု အများအပြား ဆောင်ရွက်ထားခဲ့တာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

play

 

Telenor နဲ့ အင်တာနက်သုံးသူတွေရဲ့ ၈၀% ဟာ 3G ကွန်ရက်ကို အသုံးပြုနေကြသလို လက်ရှိတိုးချဲ့ နေတဲ့ 4G ကွန်ရက်ဟာ အခုဆို နိုင်ငံတစ်ဝှမ်း အဓိကမြို့ ကြီး ၃၀ မှာ ရနေပြီလို့ လည်း သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video