မြန်မာနိုင်ငံမှာ ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု ပေးဖို့ Telenor အနေနဲ့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ဖိုက်ဘာ အင်တာနက်ဝန်ဆောင်မှု ပေးဖို့ နဲ့ ပတ်သတ်ပြီး Telenor ရဲ့ CEO အဲရစ်ခ်တဲမန်းက ‘‘ဖိုက်ဘာနဲ့ပတ်သက်ပြီး တော့ ရှေ့ပြေးစမ်းသပ်မှုတွေကို ရန်ကုန်မှာလုပ်နေတာရှိတယ်။ အကြီးအကျယ်မိတ်ဆက်ဖို့တော့ မရှိသေးဘူး။ ဘယ်လိုနည်းပညာ သုံးရင်ကောင်းမလဲဆိုတာ လေ့ လာနေတာပါ’’ လို့ ဆိုပါတယ်။ Telenor အနေနဲ့ ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုဈေးကွက်ကို စိတ်ဝင်စားနေချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ Ooredoo တို့ ကတော့ FTTH (Fiber to the Home ) ဝန်ဆောင်မှု စတင်နေပြီ ဖြစ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ဟာ FTTH ဝန်ဆောင်မှုကို သြဂုတ်လ ၁ ရက်နေ့ ကစပြီး ရန်ကုန်မြိုံမှာ စတင်ခဲ့ပါတယ်။ Ooredoo ကလည်း ရတနာပုံတယ်လီပို့ နဲ့ ပူးပေါင်းပြီး နိုဝင်ဘာလဆန်းပိုင်းမှာ မန္တလေးနဲ့ ပြင်ဦးလွင်မြို့ များမှာ စတင် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။

Source: 7day Daily News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video