ရှယ်ယာတစ်စုကို ဒေါ်လာ ၄၂၀ ဈေးနဲ့ရောင်းဖို့စဉ်းစားနေတာပါ

အမေရိကန်ဘီလျံနာ အီလွန်မတ်စ်တည်ထောင်ထားခဲ့တဲ့ Tesla ကို ဆော်ဒီအာရေဗီးယားနိုင်ငံပိုင် ရန်ပုံငွေအဖွဲ့အစည်းမှ ဝယ်ယူတော့မယ်ဆိုတဲ့ သတင်းတွေက အမှန်ဖြစ်လာပါတယ်။

merlin_139586139_5dd57119-3121-48be-a9bb-7bf8d7f27bbf-jumbo.jpg

Photo: NY Times

 

Wall Street မှာ စပြီး ဖော်ပြခဲ့တဲ့ ဒီသတင်းတွေကို ကုမ္ပဏီရဲ့ CEO အီလွန်မတ်စ်ကိုယ်တိုင်က အတည်ပြုထားပြီး ရှယ်ယာတစ်စုကို ဒေါ်လာ ၄၂၀ နဲ့ဆိုရင် Tesla ကို ပုဂ္ဂလိကပိုင် လက်ထဲ ပြန်လွဲှရောင်းဖို့စိတ်ဝင်စားတယ်လို့Twitter မှာ ပြောထားပါတယ်။ ဒီသတင်းကြောင့် စတော့ဈေးကွက်မှာ Tesla ရှယ်ယာများ အရောင်းအဝယ် ရပ်နားပြီး အကဲခတ်နေကြပါတယ်။

ကုမ္ပဏီကို ပြန်ရောင်းမယ့်ဆိုပြီး သူတင်ခဲ့တဲ့ Tweet ဟာ ဟာသလုပ်နေတာမဟုတ်ဘဲ တကယ့်အတည်ဖြစ်တယ်လို့လည်း အီလွန်မတ်စ်က ဆိုပါတယ်။ "အခုလို ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကတော့ Tesla ကို အကောင်းဆုံး လည်ပတ်စေဖို့အတွက် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ပါပဲ" လို့ပြောပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံပိုင် ဘဏ္ဍာရေးအဖွဲ့အစည်း ကိုယ်စားလှယ်များဟာ ပြီးခဲ့တဲ့ ၂ နှစ်ကစပြီး Tesla ကို ဝယ်ဖို့အတွက် အကြိမ်ပေါင်းများစွာ လာရောက်ဆွေးနွေးခဲ့တာပါ။ ၂၀၁၇ မှာတော့ အီလွန်မတ်စ်နဲ့တိုက်ရိုက်တွေ့ဆုံခဲ့ပြီး ဝယ်ဖို့စကားဆိုင်ခဲ့တယ်လို့မတ်စ်က ဆိုပါတယ်။ ၂၀၁၈ ဇူလိုင်လကုန်ပိုင်းက ဆောဒီအဖွဲ့ဟာ Tesla စတော့ရဲ့ ၅% နီးပါးကို ဝယ်ယူခဲ့ပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ဆော်ဒီအာရေဗျကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီးနောက်မှာတော့ မတ်စ်ဟာ Tesla ကို ရောင်းဖို့စိတ်ဝင်စားခဲ့ပြီး ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်များနဲ့ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းဖို့ကိစ္စကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ကုမ္ပဏီကို လက်လွဲှရောင်းချရာမှာ လက်ရှိပိုင်ရှင်များ ဆီကနေ ရှယ်ယာအလိုက် ငွေနဲ့ပြန်ဝယ်သွားမယ်လို့ဆိုပါတယ်။ မတ်စ်ကတော့ Tesla ကုမ္ပဏီသစ်မှာ လက်ရှိရှယ်ယာဝင်အများစု ဆက်ရှိနေမယ်လို့မျှော်လင့်ထားပါတယ်။

"ကျွန်တော်အကောင်းဆုံး ခန့်မှန်းတာကတော့ လက်ရှိ ရှယ်ယာတွေထဲက ၃ ပုံ ၂ ပုံလောက်ဟာ ပုဂ္ဂလိကပိုင် Tesla ကုမ္ပဏီကို စီးဆင်းသွားမှာ ဖြစ်ပါတယ်။ " ဆော်ဒီအာရေဗျအဖွဲ့အစည်းအနေနဲ့Tesla ကို ဝယ်မယ်ဆိုရင် စုစုပေါင်း ဒေါ်လာ ဘီလျံ ၇၀ ကျော် ကုန်ကျမှာဖြစ်လို့ရှယ်ယာမပါ ငွေသားချည်း ဒေါ်လာ ဘီလျံ ၂၀ ကနေ ၃၀ အကြား သုံးရမှာပါ။ သို့သော်လည်း Tesla ကို ဆော်ဒီအဖွဲ့အစည်းထံ ပြန်ရောင်းဖို့က ပြဿနာရှိနေပါတယ်။

Photo: Reuters

 

အမေရိကန် လုံခြုံရေးနဲ့အိတ်ချိန်းကော်မရှင်ရဲ့ ဥပဒေများအရ ပုဂ္ဂလိကပိုင် လုပ်ငန်းများဟာ ရှယ်ယာဝင် ၂၀၀၀ ထက် မကျော်အောင် ကန့်သတ်ထားတာပါ။ အီလွန်မတ်စ်အနေနဲ့Tesla ကို ဆော်ဒီအာရေဗီးယားအဖွဲ့အစည်း လက်ထဲ ရောင်းချဖို့ဆိုတာ တရားဥပဒေနဲ့အညီ ဖြစ်ဖို့နည်းလမ်းရှာနိုင်ဖို့ရှိတယ်လို့ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က