ဒေါ်လာ သန်း ၁၉၀ နဲ့ဝယ်သွားတာပါ

စောင်ရေကျဆင်းမှု နဲ့ကြော်ငြာကနေ ဝင်ငွေ နည်းလာခဲ့တဲ့ ကမ္ဘာကျော် Time မဂ္ဂဇင်းကတော့ Cloud Computing ကုမ္ပဏီတစ်ခုရဲ့ သူဌေးဆီ ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။



https_%2F%2Fhypebeast.com%2Fimage%2F2018%2F09%2Ftime-magazine-marc-benioff-purchase-tw1-1.jpg

Photo: Hypebeast

 

Salesforce.com လို့ခေါ်တဲ့ cloud computing ကုမ္ပဏီကို တည်ထောင်ခဲ့သူ မာ့စ် ဘန်နီအော့ဖ်နဲ့ဇနီးသည်တို့ဟာ ကိုယ်ပိုင်ငွေနဲ့ပဲ Time Magazine ကို ဝယ်သွားတာပါ။ အရင်ကတည်းက Time မဂ္ဂဇင်းရဲ့ အရှိန်အဝါနဲ့ရပ်တည်ချက်ပေါ် နက်နက်ရှိုင်းရှိုင်း လေးစားမှု ရှိခဲ့တယ်လို့လည်း ဘနီအော့ဖ်မောင်နှံက ဆိုပါတယ်။

"Time မဂ္ဂဇင်းရဲ့ သြဇာက ကျွန်တော်တို့အားလုံးပေါ် သက်ရောက် ဆက်စပ်နေတဲ့ ပြဿနာနဲ့လူတွေအကြောင်း တမူထူးခြားတဲ့ ဇာတ်ကြောင်းတွေ ပြောပြနေတာပဲ"လို့သူ့ရဲ့ tweet မှာ ရေးထားပါတယ်။

ဝယ်လိုက်တဲ့ ဈေးနှုန်းကတော့ ဒေါ်လာ သန်း ၁၉၀ ဖြစ်ပါတယ်။ Time မဂ္ဂဇင်းဟာ ပြီးခဲ့တဲ့ ၈ လလောက်ကမှ အမေရိကန်မီဒီယာဂရု တစ်ခုဖြစ်တဲ့ Meredith Corp ကို ရောင်းချခဲ့တာပါ။ ၁၉၂၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီမဂ္ဂဇင်းဟာ နောက် ၅ နှစ်ဆို နှစ်၁၀၀ ပြည့်တော့မှာ ဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၄၆ နိုင်ငံမှာ ဖြန့်ချိနေတာ ဖြစ်ပါတယ်

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ဘန်နီအော့ဖ်ဟာ ဒေါ်လာ ၆.၇ ဘီလျံ ချမ်းသာသူ ဖြစ်ပြီး နည်းပညာခေတ်မှာ ပုံနှိပ်မီဒီယာကို ဝယ်ယူလိုက်တဲ့ နောက်ဆုံးသူဌေးတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဂျက်ဖ်ဘီဇော့စ်ဟာ ၂၀၁၃ ခုနှစ်က Washington Post သတင်းစာကို ဝယ်ယူခဲ့သလို ၂၀၁၇ ခုနှစ်ကလည်း စတိဗ်ဂျော့စ်ရဲ့ အမျိုးသမီး လော်ရင်း ပိုဝဲလ်ဂျော့စ်ဟာ Atlantic မဂ္ဂဇင်းမှာ အစုရှယ်ယာအမြောက်အများ ဝယ်ယူခဲ့ပါတယ်။

Photo: CTPost

 

ဘန်နီအော့ဖ်ကတော့ လက်ရှိ Time မဂ္ဂဇင်းရဲ့ ဂျာနယ်လစ်တွေ လုပ်ဆောင်မှုမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ကြေငြာထားပါတယ်။ အရောင်းအဝယ်ကိစ္စကတော့ တစ်လအတွင်း ပြီးပြတ်မှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က