noti တွေပါ ပိတ်ထားလို့ရမှာပါ

တစ်နေ့တစ်နေ့အွန်လိုင်းမှာတင် Facebook သုံးရင်း အချိန်ကုန်မှန်းမသိ ကုန်နေသူတွေအတွက် ကိုယ့်အချိန်ကို စိတ်ကြိုက်စီမံနိုင်မယ့် feature သစ် ထွက်လာပြီ ဖြစ်ပါတယ်။

new-tools-to-manage-your-time.png

Photo: Facebook News Room

 

Facebook နဲ့Instagram တို့မှာ မိတ်ဆက်သွားတဲ့ ဒီ feature မှာ ဒီ apps တွေပေါ် တစ်နေ့ကို ကိုယ်ဘယ်လောက် အချိန်ဖြုန်းမိတယ်ဆိုတာ နာရီနဲ့တကွ ပြန်ကြည့်နိုင်ပြီး ကိုယ်သုံးချင်တဲ့ အချိန်အတိုင်းအတာတစ်ခုထိ သတ်မှတ်ပြီး ပိတ်ထားလို့ရမှာ ဖြစ်ပါတယ်။ ဒီအတွင်း Facebook ကနေ တက်လာမယ့် noti တွေလည်း ပိတ်ထားနိုင်မှာပါ။

ဒီ tools ကို သုံးမယ်ဆိုရင် app တွေရဲ့ Settings ထဲ ဝင်ပြီး Instagram မှာ Your Activity နဲ့Facebook မှာ Your Time on Facebook ကိုသွားပြီး activity dashboard မှာ ရှိတဲ့  တစ်နေ့တာ Facebook နဲ့Instagram သုံးစွဲမှုများ ပြန်ကြည့်နိုင်သလို reminder ထားပြီး ဘယ်အချိန်ရောက်မှ ကိုယ့်ကို Facebook ပြန်သုံးခွင့်ပေးဖို့လည်း ကန့်သတ်နိုင်မှာ ဖြစ်ပါတယ်။

နေ့စဉ် daily reminder ကတော့ ကိုယ့်စိတ်ကြိုက် အချိန်မရွေး ပြန်ပြီး ပြင်နိုင် ဖျက်နိုင်မှာပါ။ ဒါ့အပြင် Notification Settings ကနေ Mute Push Notification ထဲ ဝင်ပြီး noti တက်မလာအောင် ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့တစ်နေ့တာ Facebook ၊ Instagram သုံးစွဲမှုကို အတိုင်းအတာတစ်ခုအနေနဲ့ကန့်သတ်သွားနိုင်မှာပါ။

စမတ်ဖုန်းစွဲလမ်းမှုဟာ စိတ်ကျန်းမာရေးအတွက် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိကြောင်း ဝေဖန်မှုများ ရှိလာပြီးနောက် Facebook ဟာ လူမှုကွန်ရက်ပေါ် အချိန်ဖြုန်းမှုကို လျှော့ချဖို့ဒီ tools တွေကို ထုတ်ပြန်လိုက်တာလို့ဆိုပါတယ်။ Facebook သုံးစွဲမှု လျော့ကျလာခြင်းကြောင့် ကြော်ငြာဝင်ငွေပေါ် အဓိက ရပ်တည်နေတဲ့ Facebook ဟာ စီးပွားရေးအရ ထိခိုက်နစ်နာမှုများ ရှိနိုင်ပါတယ်။

Photo: Money Control

 

ပြီးခဲ့တဲ့ အပတ်မှာပဲ လူမှုကွန်ရက်သုံးစွဲသူ ဦးရေ တိုးတက်မှု နှေးကွေးလာနေတဲ့ Facebook ဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၂၀% ကျော် ထိုးကျပြီး ဒေါ်လာ ၁၂၀ ဘီလျံကျော်အထိ အရှုံးပြခဲ့ပါတယ်။ Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ကတော့ ၂၀၁၈ ကစပြီး Facebook ကို အပျော်သက်သက် သုံးဖို့ထက် မိသားစုနဲ့လူ့အသိုင်းအဝိုင်း ကောင်းစားရေးကို ဦးတည်သွားမယ်လို့ကြွေးကြော်ထားပါတယ်။

Share

Loading Next Article...
က္က