တရားစခန်းဝင်ခဲ့တာပါ

မွေးနေ့မှာ ပြင်ဦးလွင်ကို လာပြီး တရားစခန်းဝင်ခဲ့တဲ့ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီဟာ မြန်မာနိုင်ငံရဲ့ သာယာပုံနဲ့အလှအပတွေအကြောင်းကို Tweets တွေ တသီတသန်းကြီးနဲ့ညွှန်းသွားခဲ့ပါတယ်။



[No available link text] 

Twitter မှာ follower ပေါင်း ၄ သန်း ရှိတဲ့ ဂျက်ဒေါ်ဆီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ပြင်ဦးလွင် ဓမ္မမဟိမ္မကျောင်းမှာ ၁၀ ရက် ဝိပဿနာတရားစခန်း ဝင်ခဲ့တာပါ။ သူ့ရဲ့ tweets တွေထဲမှာ ဝိပဿနာပေါ် သူ့အမြင်အကြောင်းအပြင် ၁၀ ရက်တာ နေထိုင်လှုပ်ရှားမှုများအကြောင်းပါ ရေးသားခဲ့တာ ဖြစ်ပါတယ်။

"တရားပတ် ၁၀ ရက်အတွင်း ဘာမိုဘိုင်း ပစ္စည်းမှ မသုံးရသလို စာဖတ် စာရေးတာ ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ ၊ သီချင်းနားထောင်တာ ၊ မူးယစ်ဆေးဝါး ၊ အသားငါး  စားတာတွေနဲ့စကားပြောတာအပြင် အချင်းချင်း မျက်လုံးချင်းတောင် မဆုံအောင်နေရပါတယ်။ အလှူရှင်တွေကနေ လှူသမျှကို သုံးစွဲရတာပါ။ အကုန်လုံး အခမဲ့ပါပဲ" လို့သူ့ရဲ့ Tweet မှာ တင်ထားပါတယ်။

မနက်တိုင်း ၄ နာရီထပြီး ညဆို ၉ နာရီအထိ တရားထိုင်ရပြီး ညစာမစားပဲ နေရသလို နေ့စဉ် ၄၅ မိနစ် စင်္ကြန်လျှောက်ရတယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရေးသားရာမျာတော့ ပြောစရာမလိုအောင် လှပတဲ့ နိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ လူတွေဟာ ပျော်ရွှင်နေကြပြီး စားစရာတွေကလည်း အတော့်ကို ကောင်းတယ်လို့သူက ပြောထားပါတယ်။

ဂျက်ဒေါ်ဆီဟာ မြန်မာပြည်ရောက်ခိုက်မှာ ရန်ကုန် ၊ မန္တလေး ၊ ပုဂံတို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး ရောက်လေရာ ဘုန်းကြီးကျောင်းတွေမှာလည်း တရားထိုင်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်ပြန်ရောက်ချိန်မှာ ဒီအကြောင်းကို Tweet ပေါင်း ၃၀ ခန့်ဆက်တိုက်တင်ခဲ့ပါတယ်။ မြန်မာပြည်ကို သွားလည်ကြဖို့သူ့ရဲ့ တိုက်တွန်းမှုကို လူတစ်ချို့က ကန့်ကွက် ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

"သူတို့(မြန်မာတွေ) အတွက် ဒီလိုချိန်မှာ ခရီးသွားလာရေး ကြော်ငြာကို အလကားသက်သက် ဝင်ရေးပေးတာကတော့ ရှက်ဖို့ကောင်းပါတယ်" လို့ ဂျက်ရဲ့ tweet ကို တစ်ယောက်က တုန့်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီအရေးအခင်းကြောင့် နိုင်ငံတကာမှာ ဝေဖန်ခံနေရတာပါ။

Photo: BBC

 

အခြား လူမှုကွန်ရက်အင်တာနက်စာမျက်နှာဖြစ်တဲ့ Facebook ကလည်း မြန်မာပြည်ထဲမှာ အမုန်းစကားပွဲစေတဲ့အကောင့်တွေရှိနေတယ်ဆိုပြီး ဒီနှစ်ထဲမှာ ဆရာတော် ၃ ပါး ၊ ပရဟိတအဖွဲ့အစည်း များနဲ့follower ၁.၃ သန်းကျော် ရှိထားတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းပေါင်း ၂၀ ရဲ့ လူမှုကွန်ရက်အကောင့်တွေကို အရေးယူ ဖယ်ရှားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က