Twitter ရဲ့ CEO ဂျက်ဒေါ်ဆီကိုယ်တိုင် follower ကျနေတာပါ

သံသယရှိတဲ့ အကောင့်များကို ဆက်တိုက် အရေးယူဆိုင်းငံ့မှုများပြုလုပ်ပြီးနောက် Twitter ပေါ်က နာမည်ကျော် ပုဂ္ဂိုလ် ၁၀၀ များဟာ သူတို့ရဲ့ followers များထဲမှ ပျမ်းမျှ ၂%ခန့်ဆုံးရှုံးခဲ့ရတယ်လို့အချက်အလက်များက ဖော်ပြထားပါတယ်။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F809872%2F1d08bb62-835a-416b-bf21-e960a328194a.png

photo: Mashable

 

ဆိုရှယ်မီဒီယာ အချက်အလက်ကုမ္ပဏီ Keyhole ကနေ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး နာမည်ကြီး Twitter အကောင့်ပိုင်ရှင်ဖြစ်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ followers ပေါင်း ၃ သိန်း ဆုံးရှုံးသွားခဲ့ပါတယ်။ လက်ရှိမှာ သမ္မတဟာ followers ပေါင်း ၅၃.၁ သန်းပဲ ကျန်တော့တာပါ။ အပိတ်ခံထားရတဲ့ Twitter အကောင့်တွေဟာ Twitter ရဲ့ နေ့စဉ်နဲ့လစဉ် သုံးစွဲသူ စာရင်းဇယားမှာ မပါတော့ပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ထားတဲ့ Twitter ထုတ်ပြန်ချက်ထဲမှာ Twitter သုံးသူများရဲ့ follower အကောင့်များထဲမှာ locked ကျနေတဲ့ အကောင့်တွေကို ဖယ်ရှားတွေ့မယ်လို့ဆိုပါတယ်။ ဒါဟာ follower အရေအတွက် ဖောင်းပွတဲ့ပေါ် ခုတုံးလုပ်ပြီး ကုမ္ပဏီတစ်ချို့အကျိုးအမြတ်ထုတ်နေတယ်ဆိုတဲ့ တိုင်ကြားမှုများ ထွက်ပေါ်လာပြီးနောက် အခုလို ရှင်းလင်းရေး စတင်လိုက်တာပါ။

Twitter ရဲ့ မူဝါဒသစ်ဟာ followers နဲ့စီးပွားရှာနေတဲ့ နာမည်ကြီး ဆယ်လီပုဂ္ဂိုလ်များနဲ့လူမှုကွန်ရက်သြဇာလွှမ်းသူများကို အထိနာစေတယ်လို့ဆိုပါတယ်။ Keyhole အချက်အလက်များအရ  နည်းပညာလုပ်ငန်းရှင်ဘီလျံနာတစ်ဦး ဖြစ်တဲ့ အီလွန်မတ်စ်ဟာ follower အရေအတွက် ဝ.၃% ( ၇၁၀၀၀ ဦး) ပဲ ကျဆင်းခဲ့ပြီး ထိပ်တန်း Twitter နာမည်ကြီး ၁၀၀ ဟာ ပျမ်းမျှ followers ပေါင်း ၇၃၄၀၀၀ ခန့်ဆုံးရှုံးသွားတာပါ။

ယခုမူဝါဒအပြောင်းအလဲကြောင့် အဆိုတော် ဂျက်စတင်ဘီယာဟာ follower ၂.၇သန်း ၊ ရီဟားနားမှ ၆၀၅၀၀၀ ၊ယခင်က followers သန်း ၁၁၀ ရှိထားခဲ့တဲ့ ကေတီပယ်ရီမှ followers ၁.၆ သန်း နဲ့တေလာဆွဖ်ဟာ ၂.၃ သန်း ဆုံးရှုံးခဲ့ရပါတယ်။ သမ္မတဟောင်း အိုဘားမားကတော့ followers ပေါင်း ၁.၆ သန်း ကျဆင်းသွားခဲ့တယ်လို့ဆိုပါတယ်။ Twitter ရဲ့ CEO ဂျက်ဒေါ်ဆီကိုယ်တိုင်လည်း followers ၄ သန်းအနက် ၂ သိန်းအထိ ဆုံးရှုံးသွားခဲ့တယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။

photo: itpliveme

 

Twittter ရဲ့ စီစစ်ရေးကြောင့် ပြီးခဲ့တဲ့ မေလ နဲ့ဇွန် ၂ လအတွင်း အကောင့်ပေါင်း သန်း ၇၀ ကျော် ပိတ်သိမ်းခံထားရပြီး ဇူလိုင်လမှာလည်း အရှိန်မြှင့် အရေးယူသွားမယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က