AD
AD
AD

ဟာရီကိန်းမုန်တိုင်း အာရ်မာဒဏ်ခံလိုက်ရတဲ့ ဖလော်ရီဒါနယ်အတွင်းမှ ပြည်သူများအတွက် Uber ဟာ ဖလော်ရီဒါပြည်နယ်အတွင်း အခမဲ့ ကားစီးခွင့်ကို လှူဒါန်းနေတယ်လို့ သိရပါတယ်။

play

 

Uber ဟာ အခမဲ့ ကားစီးခွင့်အပြင် အစားအသောက်များကိုလည်း မုန်တိုင်းဒဏ်သင့်ပြည်သူများ ခိုလှုံရာ Tampa မြို့ တော်မှာ လှူဒါန်းနေတာ ဖြစ်ပါတယ်။ Tampa မြို့ တော်အရေးပေါ် စီမံခန့် ခွဲရေးဆိုင်ရာ ရုံးမှလည်း Uber ရဲ့ ယာဉ်အခမဲ့ စီးနင်းခွင့်အလှူကို ရုံးရဲ့ Twitter ကနေရော မိုဘိုင်း သတင်းပို့ စနစ်များကနေပါ အများပြည်သူသိအောင် ကြေငြာခဲ့ပါတယ်။

 

အဆင့် ၄ ရှိတဲ့ မုန်တိုင်း အာရ်မာ ဝင်လာပြီးနောက် ချက်ချင်းဆိုသလို Uber မှ ဒေါ်လာ ၄ သိန်းတန် အခမဲ့ ယာဉ်စီးခွင့် ၊ အစားအသောက်နဲ့ တစ်ခြား အကူအညီများ ပေးအပ်လှူဒါန်းခဲ့တာပါ။ Uber ရဲ့ ကုမ္ပဏီ blog မှာလည်း Uber ဟာ ဒေသတွင်း အစိုးရအာဏာပိုင်များ ၊ Volunteer Florida ၊ အမေရိကန် ကြက်ခြေနီအသင်း ၊ ကယ်ဆယ်ခြင်းတပ် အဖွဲ့ အစည်းနဲ့ တစ်ခြား ဖလော်ရီဒါတစ်ဝိုက်မှ လူမှုအဖွဲ့ အစည်းများနဲ့ တိုက်ရိုက်ပူးပေါင်းနေတယ်လို့ ဖော်ပြထားပါတယ်။

play

 

Uber Technologies Inc ဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို အခြေစိုက် အွန်လိုင်း သယ်ယူပို့ ဆောင်ရေးကွန်ယက် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး ကမ္ဘာ့မြို့ ပေါင်း ၆၃၃ မြို့ မှာ Uber Rides ဆိုပြီး အဌားယာဉ် ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD