နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် ချထားမှု မညီမျှပါဘူး

ကမ္ဘာ့အအောင်မြင်ဆုံး startup တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တဲ့ Uber ဟာ ဒီနေ့အချိန်အထိ ပြဿနာမီးမငြိမ်းသေးပါဘူး။

https_%2F%2Fblueprint-api-production.s3.amazonaws.com%2Fuploads%2Fcard%2Fimage%2F811656%2Fe03ab13e-f3d9-416f-8691-f003b583235d.jpg

photo: Mashable

 

၂၀၁၇ ဖေဖော်ဝါရီလထဲမှာ ကုမ္ပဏီရဲ့ အကြီးတန်း အင်ဂျင်နီယာ ဆူဆန်ဖိုလာရဲ့ ဘလော့ဂ်မှာ ကုမ္ပဏီအတွင်း လိင်ပြဿနာအရှုပ်တော်ပုံနဲ့ကျား/မခွဲခြား ဖိနှိပ်မှုအကြောင်း ရေးသားခဲ့ပြီးနောက် Uber ကုမ္ပဏီရဲ့ ပုံရိပ်ဟာ အနုတ်ဘက်ကို လျှောကျလာခဲ့ပါတယ်။

CEO ဟောင်း ထရာဗစ်ကလန်နစ်ခ်လက်ထက်မှာ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လိင်ခွဲခြား ဆက်ဆံမှုပေါင်း ၂၁၅ မှုကို ဖော်ထုတ်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူ ဝန်ထမ်း ၂၀ ကို ရာထူမှ ထုတ်ပယ်ခဲ့သလို နာမည်ကျော် အမေရိကန်ရှေ့နေချုပ် အဲရစ် ဟိုဒါနဲ့သူ့ရဲ့ ဥပဒေရုံးဖြစ်တဲ့ Covington & Burling ကို ငှားပြီး ဒီပြဿနာကို စုံစမ်းခဲ့ပါတယ်။

ဒီပြဿနာနဲ့ဆက်စပ်တဲ့အစည်းအဝေးတစ်ခုမှာ လိင်ခွဲခြားမှုအကြောင်း ဟာသလုပ်ခဲ့တဲ့ Uber ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ ၊ TPG Capital ရဲ့ တည်ထောင်သူနဲ့ Ryanair လေကြောင်းလိုင်းရဲ့ chairman ဘွန်ဒါမင်းလည်း ရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။ Uber ကုမ္ပဏီအတွင်း ပြဿနာများဟာ မီးခိုးကြွက်လျှောက်ဖြစ်ခဲ့ပြီး ထရာဗစ်ကလန်နစ်ခ်အပါအဝင် ဘုတ်အဖွဲ့ဝင်အနည်းဆုံး ၆ ဦး ရာထူးမှ ဆင်းပေးခဲ့ရပါတယ်။ 

ထရာဗစ်ကလန်နစ်ခ် ရာထူးမှ နှုတ်ထွက်ပြီးနောက် ဒါရာခေါ့ရော့စကီးမှ CEO ရာထူးမှာ တာဝန်ယူခဲ့ပါတယ်။ အရင်ကတည်းက ရှိထားခဲ့တဲ့ Uber ရဲ့ ပြဿနာတွေဟာ ခေါ့စရော့စကီး လက်ထက်မှာလည်း တကျော့ပြန်လာခဲ့ပြီး အမေရိကန်အစိုးရ ညီမျှသော အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်မှု ကော်မရှင် EEOC မှာ ပြန်လည် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

EEOC ဟာ Uber ရဲ့ လုပ်ငန်းခွင် ကျား/မ အလုပ်အကိုင် မညီမျှမှုပြဿနာကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက စတင် စုံစမ်းခဲ့တာပါ။ Wall Street Journal ကတော့ EEOC ဟာ လက်ရှိ Uberဝန်ထမ်းများ ၊ ဝန်ထမ်းဟောင်းများ နဲ့တွေ့ဆုံမေးမြန်းထားသလို အမှုဆောင်အရာရှိများဆီကနေ စာရွက်စာတမ်းများ ရယူပြီး အလုပ်အကိုင် နေရာချထားမှုကို စီစစ်နေတယ်လို့ဖောြ်ပထားပါတယ်။

ပြီးခဲ့နှစ် အချက်အလက်များအရ Uber မှ ဝန်ထမ်းစုစုပေါင်းရဲ့ ၃၆% ဟာ အမျိုးသမီးများ ဖြစ်ပြီး ၁၅% ဟာ နည်းပညာရာထူးနဲ့အလုပ်ဝင်နေတာ ဖြစ်ပါတယ်။ Uber ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း အပြောင်းအလဲများစွာ ဖော်ဆောင်နေပြီး ဒီထဲမှာ လစာသစ်နဲ့ဝန်ထမ်းဖွဲ့စည်းပုံ ညီမျှမှု ရှိဖို့ဆိုတဲ့ အပြောင်းအလဲမျးာလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။

photo: The Verge

 

ကမ္ဘာ့နည်းပညာကုမ္ပဏီများအတွင်း အမျိုးသမီး-အမျိုးသား အလုပ်အကိုင် မညီမျှမှုဟာ အကြီးအကျယ် ကွာဟနေပါတယ်။ EEOC ဟာ အမေရိကန်နည်းပညာကုမ္ပဏီ လုပ်ငန်းခွင်များအကြား ကျား/မ ဝန်ထမ်းခန့်အပ်မှုကို စုံစမ်းစစ်ဆေးနေပြီး ဒီထဲမှာ Intel နဲ့ွGoogle လို ကုမ္ပဏီကြီးများလည်း စစ်ဆေးခံနေရပါတယ်။

Share

Loading Next Article...
က္က