Toyota Sienna မီနီဗင်ကားတွေမှာ စမ်းသပ်သွားမှာပါ

အလိုအလျောက်မောင်း ကားအကြီးအကျယ် ထုတ်လုပ်ရေးအတွက် ဂျပန်ကားလုပ်ငန်းစု Toyota Motor Corp ဟာ Uber မှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နံှပြီး ပူးပေါင်းလိုုက်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

Uber မှာ CEO အဖြစ် ဒါရာခေါ့စ်ရော့စ်ဟီ တက်လာပြီးနောက် မောင်းသူမဲ့ကားပရိုဂရမ်ကို ပါတနာတွေနဲ့လက်တွဲ အကောင်အထည်ဖော်မယ့် အစီအစဉ်ဟာ ပိုပြီး အသက်ဝင်လာသလို Uber ရဲ့ မောင်းသူမဲ့ ကားစီးပွားရေး လုပ်ငန်းအတွက်လည်း မျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။

သဘောတူညီမှုအရ Uber ဟာ Toyota ရဲ့ လမ်းပိုင်း အလိုအလျောက် ဘေးကင်းစနစ်ဖြစ်တဲ့ Guardian နည်းပညာနဲ့မောင်းသူမဲ့စနစ်မှာ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ ဒီကားနည်းပညာကို Toyota ရဲ့ Sienna မီနီဗင်ကားတွေမှာ လာမယ့် ၂၀၂၁ ခုနှစ်ကစပြီး အသုံးပြုသွားမှာပါ။ ဒီနည်းပညာဟာ လက်ရှိမှာတော့ လူအကူ လုံးဝမလိုတဲ့ မောင်းသူမဲ့အဆင့်ထိ မရောက်သေးပါဘူး။

Toyota Sienna (Photo: CNET)

 

နှစ်ဆန်းပိုင်းကစပြီး Uber ဟာ မောင်းသူမဲ့ကားကြောင့် လူသေဆုံးတဲ့ ပြဿနာများနဲ့ခေါင်းခဲနေခဲ့တာပါ။ မတ်လထဲမှာ အရီဇိုးနားပြည်နယ် မှာ မောင်းသူမဲ့ကားစမ်းသပ်နေစဉ် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီးနောက် Uber ဟာ အရီဇိုးနားမှာ မောင်းသူမဲ့ ကားစမ်းသပ်မှု ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။

ဒီဖြစ်ရပ်အလွန် ဇူလိုင်လက ကော်လိုရာဒို ကွန်ဖရင့်တစ်ခုမှာ Uber ရဲ့ CEO ခေါ့စ်ရော့စ်ဟီမှ Uber ဟာ မောင်းသူမဲ့ကားစီးပွားရေးကို အလုံးစုံ ဖွင့်လှစ်ထားပြီး တစ်ခြား ပါတနာများနဲ့လက်တွဲသွားဖို့ဆွေးနွေးနေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ယခုသြဂုတ်လ နောက်ဆုံးပတ်မှာတော့ Toyota ဟာ Uber ရဲ့ မောင်းသူမဲ့ကားပရိုဂရမ်မှာ အကြီးအကျယ် ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်လာခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ကားလုပ်ငန်းတွေထဲက တစ်ခု ဖြစ်တဲ့ Toyota ဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကလည်း Toyota AI Venture နာမည်နဲ့စက်ရုပ်နဲ့မောင်းသူမဲ့ကား သုတေသနများ လုပ်ဆောင်နေတဲ့ startups များအတွက် ဒေါ်လာ သန်း ၁၀၀ ရန်ပုံငွေ ထည့်ဝင်ထားပါတယ်။

Toyota AI Ventures နာမည်အောက်မှာမှ မောင်းသူမဲ့ကားနည်းပညာအတွက် Nauto ၊ ပုံရိပ်ယောင် လမ်းကြောင်းပြခြင်းနဲ့မြေပုံ algorithms နည်းပညာအတွက် SLAMcore နဲ့သက်ကြီးရွယ်အိုများအတွက် ကူဖော်လောင်ဘက် စက်ရုပ်ဖန်တီးမယ့် Intuition Robotics နည်းပညာစွန့်ဦးလုပ်ငန်းများ ပါဝင်ပါတယ်။

Photo: newatlas

 

Toyota နဲ့Uber ဟာ Autono-MaaS လို့ခေါ်တဲ့ မောင်းသူမဲ့ယာဉ်ကို ဝန်ဆောင်မှုအဖြစ် ပေးသွားမယ့် စီမံကိန်းကို အကောင်အထည်ဖော်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုကြောင့် Uber ဟာ ဒေါ်လာ ၇၂ ဘီလျံတန် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က