AD
AD
AD

ပညာရေးဝန်ကြီးဌာနရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ အတူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် UCSY မှာ ကျင်းပသွားမယ့် အာရှအဆင့် နိုင်ငံတကာ Programming စွမ်းရည်ပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက် နှစ်ရက်တာ ပြုလုပ်သွားမှာ ဖြစ်ပြီး ပွဲအချိန်ဇယားများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

play

 

အစီအစဉ်အရ ဒီဇင်ဘာ ၉ ရက် စနေနေ့ မှာ ပြိုင်ပွဲဝင်များ မှတ်ပုံတင် register လုပ်ခြင်း ၊ ဖွင့်ပွဲအခမ်းအနားစတင်ပြီး ပွဲအစီအစဉ်ကူညီပံ့ပိုးပေးသည့် အဖွဲ့ အစည်းများနဲ့ မိတ်ဆက်ခြင်း နဲ့ အစမ်းလေ့ကျင့်တဲ့ အပိုင်းများ ပါဝင်မှာ ဖြစ်ပါတယ်။ ဖွင့်ပွဲနေ့ ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ က အဖွင့်အမှာစကားပြောကြားမှာ ဖြစ်ပြပီး 2016 ACM ICPC Asa Yangon Regional Programming Contest ပွဲကာလ လှုပ်ရှားမှုများကို ရုပ်သံမှတ်တမ်းများနဲ့ တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

 

ပိတ်ပွဲဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မှာတော့ အသင်းလိုက်ပြိုင်ပွဲဝင်မှုများကို  ၅ နာရီကြာအောင် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ညနေ ၆ နာရီခွဲ Hotel Yangon မှာ ပြိုင်ပွဲဆိုင်ရာ မှတ်ချက်များကို ပညာရေးဝန်ကြီးဌာန ကိုယ်စားလှယ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကိုယ်စားလှယ်တစ်ဦးနဲ့ တက္ကဆက်ပြည်နယ်တက္ကသိုလ် ကွန်ပျူတာသိပ္ပံပါမောက္ခ ၊ ACM-ICPC Asia Super Regional Contest ဒါရိုက်တာတစ်ဦး ဖြစ်သူ စီ ၊ ဂျေ ၊ ဝမ်တို့ က သုံးသပ်ပြောကြားပေးမှာပါ။  ပြိုင်ပွဲရလဒ်များကိုတော့ ညနေ၆ နာရီ ၄၅ မိနစ်ကနေ ၇ နာရီ ၄၅ မိနစ်အတွင်း  ကြေငြာသွားမှာာ ဖြစ်ပြီး ညစာကိုပါ တည်ခင်းဧည့်ခံသွားမယ်လို့ သိရပါတယ်။

play
Myanmar Collegiate Programming Contest 2017 နိုင်ငံအဆင့်ဆုပေးပွဲ

 

ယခုပြိုင်ပွဲဟာ အမေရိကန်နိုင်ငံ ACM-ICPC ရဲ့ ကြီးမှူးမှုနဲ့ နိုင်ငံအလုက် ကျင်းပကြတာ ဖြစ်ပြီး Regional အဆင့်မှာ ဒေသတွင်းမှ ထိုင်း ၊ စင်္ကာပူ ၊ ဂျပန် ၊ အင်ဒိုနီးရှား နဲ့ ဗီယက်နမ်တို့ မှ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း လာရောက် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ Regional Programming Contest ဟာ အာရှပစိဖိတ် နဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသတွင်း နိုင်ငံခြားတက္ကသိုလ်များမှ ပြိုင်ပွဲဝင်ကျောင်းသားများနဲ့ ခင်မင်ရင်းနှီးမှု နဲ့ အတွေ့ အကြုံဖလှယ်ခွင့်များ ရရှိစေဖို့ နဲ့ အရည်အချင်းရှိတဲ့ ICT ကျောင်းသားလူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာစေဖို့ ကျင်းပလိုက်တာလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD