ဗဟန်းမြို့ နယ် သံလွင်လမ်းမှာ ရှိတဲ့ သတင်းအချက်အလက်နဲ့ နည်းပညာတက္ကသိုလ် (UIT) ကို ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်က စပြီး တက္ကသိုလ်များ (လှိုင်နယ်မြေ) ကျောင်းဆောင်သစ်မှာ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ ကစတင် ပြောင်းရွှေ့ ဖွင့်လှစ်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

play
ကျောင်းဆောင်သစ် တည်ရှိရာ မြေပုံ

 

လက်ရှိဆောက်လက်စ အခြေအနေမှာပဲ ရှိသေးပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆိုင်ရာ ရေ ၊ မီးတပ်ဆင်မှု အဆင်သင့် ဖြစ်စေရေးနဲ့ ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရည်ရွယ်ပြီး ယခင်မှန်းထားတဲ့ ဒီဇင်ဘာ ၄ ရက်နေ့ အစား ယခုလိုမျိုး ၂၀၁၈ ၊ ဇန်နဝါရီလ ၂ ရက်နေ့ ကို ပြောင်းလိုက်တာလို့ လည်း UIT တက္ကသိုလ်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပညာသင်နှစ်သစ်အတွက်  ကျောင်းအပ်လက်ခံခြင်း နဲ့ ကျောင်းပြောင်းရွှေ့ ခြင်း ကိစ္စမများကိုတော့ ယခင်ဖွင့်ထားတဲ့ အမှတ် ၁၄-၂၀ ၊ သံလွင်လမ်း ၊ ဗဟန်းမြို့ နယ်ရှိ UIT မှာပဲ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အသေးစိတ်သိလိုသည်များကို UIT တက္ကသိုလ် ကျောင်းသားရေးရာဌာနဖုန်း ၀၁-၅၃၇၃၉၃ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video