AD
AD
AD

မြန်မာနိုင်ငံဟာ messaging app တစ်ခု ဖြစ်တဲ့ Viber လူမှုကွန်ရက် အသုံးအများဆုံး အရှေ့ တောင် အာရှနိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Viber အသုံးပြုသူ သန်း ၃၀ ကျော် ရှိနေပြီး Viber အသုံးပြုမှု အများဆုံး အရှေ့ တောင်အာရှထဲမှာ မြန်မာအပါအဝင် ဖိလစ်ပိုင် ၊ ဗီယက်နမ် တို့ လည်း ပါတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံရဲ့ Viber အသုံးပြုမှုနဲ့ စပ်လျဉ်းပြီး Viber (SEA and SA) ရဲ့ Asia Regional Head Office မှ Head of Business Development ဖြစ်သူ Anubhav Nayyar က "မြန်မာအခြေပြုစတစ်ကာလေးတွေကိုမြန်မာဘာသာနဲ့ထုတ်လုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ Viber နဲ့ အလုပ်လုပ်နေတဲ့ ပါတနာ ၂၀ ကနေ ၂၅ ခုလောက်အထိရှိပါတယ်။ “မြန်မာက အရေးကြီးဆုံး ဈေးကွက်ထဲမှာပါဝင်ပါတယ်၊ အရှေ့တောင်အာရှမှာတင်မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးဈေးကွက် အတိုင်းအတာအရလည်း မြန်မာဈေးကွက်ကအရေးကြီးတယ်လို့ဆိုရပါမယ်၊ မြန်မာ ပြည်ကလူ တွေအနေနဲ့ Viber ကိုတွင်တွင်ကျယ်ကျယ်သုံးစွဲလာကြတယ်၊ အရှေ့တောင်အာရှတွင် မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်က အသုံးများဆုံးနိုင်ငံတွေဖြစ်ပါတယ်။ သီရိလ င်္ကာ နဲ့ နီပေါနိုင်ငံတွေ မှာလည်းအသုံးပြုမှုများတယ်” လို့ ဆိုပါတယ်။

play

 

Viber အသုံးပြုမှု အများဆုံး နိုင်ငံများစာရင်းမှာ ရုရှား ၊ ဟန်ဂေရီနဲ့ တောင်အာရှနိုင်ငံများလည်း ပါဝင်နေပါတယ်။ လက်ရှိ တစ်ကမ္ဘာလုံးမှာ Viber အသုံးပြုသူ စုစုပေါင်း သန်း ၈၀၀ ကျော် ရှိထားပါတယ်။ Viber လူမှုကွန်ရက်ကို တစ်ဦးချင်းချိတ်ဆက်ပြောဆိုခြင်း (one-on-one chats) ၊ ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း (video calls)၊ အဖွဲ့လိုက် မက်ဆေ့ခ်ျများပေးပို့ခြင်း (group messaging) ဒါမှမဟုတ် မိမိတို့ ကြိုက်နှစ်သက်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ အနုပညာရှင်တွေနဲ့ ဆွေးနွေးစကားပြောခြင်းတွေကို လုပ်ဆောင်ရာမှာ သုံးနိုင်တယ်လို့ လည်း ဆိုပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD