AD
AD
AD

Viber အသုံးပြုသူတွေအတွက် အမေရိကန်ဒေါ်လာ ၇ သန်းတန်ဖိုးရှိ လက်ဆောင်တွေပေးသွားမယ် လို့သိရပါတယ်။

အဲဒီ Platform ပေါ်မှာ Viber ရဲ့ တရားဝင် Chatbot ကို အသုံးပြုဖို့ စာရင်းပေးသွင်းသူတွေအနေနဲ့ ၀.၅၀ ဒေါ်လာ မှ ၃ ဒေါ်လာအထိ Viber Out အသုံးပြုရမှာဖြစ်ကြောင်း၊ Credit သို့မဟုတ် ရောင်းအားအကောင်းဆုံး Sticker Pack ငါးခုထဲကနေ ဘယ် တစ်ခုကိုမဆို အခမဲ့ရယူနိုင်ခြင်း အပါအဝင် လက်ဆောင်အမျိုးမျိုးကို ကျပန်းစနစ်ဖြင့် ရရှိနိုင်မယ်လို့ဆိုပါတယ်။ အဲဒီအစီအစဉ်ကို Viber ရဲ့ (၇) နှစ်ပြည့်သက်တမ်းအနေနဲ့ဆောင်ရွက်တာလို့သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေကိုလည်း စာရင်းပေးသွင်းဖို့နဲ့ Chatbot မှ လက်ဆောင်များရယူဖို့လည်း ဖိတ်ခေါ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ Chatbot ကို http://bit.ly/Viber7Celebration မှာဝင်ရောက်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။

play

 

“ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အသုံးပြုသူ အရေအတွက်ဟာ ၂၀% မြင့်တက်ခဲ့ပြီး အမြတ်အစွန်း ဟာလည်း နှစ်ဆမြင့်တက်ခဲ့ပါတယ်၊ ဒီကာလအတွင်းမှာ ကျွန်တော်တို့ဟာ အသုံးပြုသူတွေရဲ့ ယုံကြည်မှုနဲ့ စဉ်ဆက်မပြတ်အသုံးပြုမှုတို့ကို ရရှိခဲ့ပြီး တချိန်တည်းမှာ အမြတ်အစွန်းရရှိဖို့ဆိုတဲ့ စိန်ခေါ်မှုကိုလည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်” လို့ Rakuten Viber ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Djamel Agaoua က ပြောပါတယ်။ Viber အသုံးပြုမှုအများဆုံးနိုင်တွေထဲမှာမြန်မာ နိုင်ငံလည်းအပါအ၀င်ဖြစ်တယ်လို့ဆိုပါတယ်။

“လာမယ့်နှစ်မှာ ကျွန်တော်တို့ဟာ မြန်နှုန်းကို မြှင့်တင်ပေးပြီး အဖွဲ့လိုက်နဲ့ တစ်ယောက်ချင်း ဆက်သွယ်ပြောဆိုမှုတွေကို ပိုမိုအဆင်ပြေစေမယ့် Feature အသစ်တွေကိုလည်း မိတ်ဆက်သွား မှာဖြစ်ပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD