Live လွှင့်ပြီး မဲဖောက်ပေးခဲ့ပါတယ်။

AI ကင်မရာစနစ်များအပြင် in-display နည်းပညာကို သုံးထားတဲ့ Vivo V11/V11i တို့ကို စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့Melia Hotel မှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။



Photo: Vivo Facebook page

 

ဒီပွဲမှာ Vivo Mobile Myanmar ရဲ့ COO ဖြစ်သူ မစ္စတာ နယ်လ်ဆန်နီ ၊ Vivo brand embassador နဲ့နာမည်ကြီး မော်ဒယ်သရုပ်ဆောင်များ ၊ စာနယ်ဇင်းမီဒီယာနဲ့ပရိတ်သတ်များ တက်ရောက်ခဲ့ကြပြီး ပွဲကို အွန်လိုင်းမှ Live လွှင့်ကာ Vivo V11 တစ်လုံး မဲဖောက်ပေးခဲ့ပါတယ်။

Vivo V11 နဲ့V11i တို့ဟာ 19.5:9 aspect ratio သုံးထားတဲ့ မျက်နှာပြင် ၆.၄၁ လက်မ နဲ့၆.၃ လက်မအရွယ် Super AMOLED display နဲ့ထွက်လာတာပါ။ ဒီဖုန်းတွေဟာ ထူးခြားတဲ့ Halo FullView display သစ်ကို သုံးထားတာကြောင့် မှန်ပြင်ကိုယ်ထည်အချိုးအစား 91.27% ထိ ကြီးမား ကျယ်ပြန့်လာပါတယ်။

3D Curved ကိုယ်ထည်ဒီဇိုင်းနဲ့လာတဲ့ ဒီဖုန်းနှစ်မျိုးမှာ Vivo V11 ဟာ ကုမ္ပဏီရဲ့ မှန်ပြင်အောက်လက်ဗွေစနစ်ဖြစ်တဲ့ in-display fingerprint scanner ပါရှိပြီး V11i ကတော့ ကျောဘက်မှာ ရိုးရိုး fingerprint scanner သုံးထားတာ ဖြစ်ပါတယ်။

ဖုန်းသစ် ၂ မျိုးစလုံးဟာ 2.0GHz Octa-core Snapdragon 660 chipset သုံးထားပြီး အမြင့်မော်ဒယ် Vivo V11 မှာတော့ RAM 6GB/128GB storage ပါရှိပါတယ်။ Vivo V11i ကတော့ ဈေးကွက်မှာ RAM 4GB/128GB storage အဖြစ် ထွက်လာပြီး အားသွင်းစနစ်ပိုင်းမှာ Dual-Engine Fast Charging နည်းပညာ သုံးထားတာပါ။

 

ဘက်ထရီပိုင်းမှာ Vivo V11 ကို 3400 mAh နဲ့V11i ကို 3315 mAh ဘက်ထရီများ သုံးထားပြီး ဆော့ဖ်ဝဲအနေနဲ့Android 8.1 Oreo စနစ်ပေါ် အခြေခံထားတဲ့ Funtouch OS 4.5 စနစ် ပါရှိတာ ဖြစ်ပါတယ်။ Vivo V11 နဲ့V11i တို့ဟာ Face Access မျက်နှာပြင်ဖတ်စနစ် သုံးနိုင်တဲ့ ရှေ့ဘက် 25MP ကင်မရာသုံးထားပြီး ဆယ်လ်ဖီအတွက် မျက်နှာကို AI နဲ့အလှပြင်ပေးမယ့် AI Face Shaping နည်းပညာ ပါရှိပါတယ်။

ကျောဘက်မှာ ထောင်လိုက် နှစ်လုံးတွဲ dual cameras စနစ် ပါရှိပြီး V11i ကတော့ 16MP + 5MP အတွဲအစပ်ကို သုံးထားတာပါ။ Vivo V11 မှာ ကျောဘက် 12MP + 5MP ကင်မရာ နှစ်လုံး ပါရှိပြီး ဖုန်းနှစ်မျိုးစလုံးဟာ Dual Pixel Auto Focus နည်းပညာ နဲ့ရိုုက်ကွင်းပေါ် လိုက်ပြီး မြင်ကွင်းများကို မှတ်သိ ခွဲခြားနိုင်တဲ့ AI Scene Recognition နည်းပညာများ ပါရှိပါတယ်။

AI နည်းပညာပိုင်းမှာတော့ မိုဘိုင်းလ်ဂိမ်းကစားသူများအတွက် ဂိမ်းကစားစဉ် ဖုန်းအဝင်ကောလ်များ ပိတ်ထားနိုင်သလို CPU နဲ့RAM ရဲ့ လုပ်ဆောင်ချက်များကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးမယ့် AI Game Mode လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ရာသီဥတု သတင်းမေးမြန်းခြင်း ၊ တိုက်ရိုက်ဘာသာပြန်ဆိုခြင်းတွေကို ကိုယ်ရေးအရာရှိတစ်ဦးလို လုပ်ဆောင်ပေးနိုင်မယ့် Vivo ရဲ့ Jovi AI assistant လည်း ပါရှိမှာပါ။

Photo: Vivo Facebook page

 

Vivo ဖုန်းသစ်များဟာ Starry Night နဲ့Nebula ကာလာများနဲ့လာပြီး pre-order ကိုတော့ စက်တင်ဘာ ၂၈ ရက်နေ့အထိ မှာနိုင်မယ်လို့ဆိုပါတယ်။ ပြည်တွင်းမှာတော့ Vivo V11 ကို ၅၅၉၀၀၀ ကျပ် နဲ့Vivo V11i ကို ၄၁၉၀၀၀ ကျပ်များနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က