စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တာပါ

စက်တင်ဘာ ၂၅ ရက်နေ့ပြည်တွင်းမှာ တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် Vivo V11 နဲ့V11i တို့ရဲ့ first sale အခမ်းအနားများကို ရန်ကုန် ၊ မန္တလေး နဲ့အခြား မြို့ကြီး ၃ မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

42790939_2150037215262533_6030232468399849472_n.jpg

Photo: Vivo

 

Vivo V11 နဲ့V11i တို့ကို ရန်ကုန်မြို့မှာ လှိုင်မြို့နယ် ဂမုန်းပွင့်စင်တာ နဲ့KMD Mobile ဆိုင် ၊ မန္တလေးမှာ Central Point ၊ တောင်ကြီးမြို့Shine Mobile ၊ ကျိုင်းတုံမြို့BBT ဆီပန့်အဟောင်းနေရာနဲ့သိန်းနီမြို့ဦးဝေကျော် ဖုန်းဆိုင်တို့မှာ ပထမဆုံး First sale အဖြစ် စက်တင်ဘာ ၂၉ ရက်နေ့က စတင်ရောင်းချခဲ့တာပါ။ 

Vivo V11 နဲ့V11i တို့ကို ပြည်တွင်းဈေးကွက်မှာ မြန်မာငွေ ၅၅၉၀၀၀ ကျပ်နဲ့၄၁၉၀၀၀ ကျပ်ဈေးနှုန်းများနဲ့ရောင်းချထားတာပါ။ ဒီထဲမှာ Vivo V11 ဟာ Vivo ရဲ့ နည်းပညာသစ် in-display fingerprint scanner ပါရှိပြီး Halo FullView display သစ်နဲ့ထွက်ထားတာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ ကျောဘက်မှာ ထောင်လိုက် dual cameras များ ပါရှိပြီး Vivo V11i ကတော့ physical fingerprint ကို ကျောဘက်မှာ သုံးထားတာပါ။

ဖုန်းသစ် ၂ မျိုးစလုံးဟာ 2.0GHz Octa-core Snapdragon 660 chipset သုံးထားပြီး အမြင့်မော်ဒယ် Vivo V11 မှာတော့ RAM 6GB/128GB storage ပါရှိပါတယ်။ Vivo V11i ကတော့ ဈေးကွက်မှာ RAM 4GB/128GB storage အဖြစ် ထွက်လာပြီး ဖုန်းနှစ်မျိုးစလုံးဟာ အားသွင်းစနစ်ပိုင်းမှာ Dual-Engine Fast Charging နည်းပညာ သုံးထားတာပါ။

Photo: Vivo

 

ပထမဆုံးရောင်းတဲ့ First Sale ကာလနဲ့pre-order အတွင်းမှာပဲ Vivo V11 နဲ့Vivo V11i တို့ကို ဝယ်ယူအားပေးမှု ပမာဏဟာ စုစုပေါင်း ရောင်းအားရည်မှန်းချက်ရဲ့ ၁၅% ထိ ရောက်ခဲ့တယ်လို့ဆိုပါတယ်။

 

Share

Loading Next Article...
က္က