cash back နဲ့လက်ဆောင်ပစ္စည်းတွေ ပေးသွားမှာပါ။

မှန်ပြင်အောက် လက်ဗွေစနစ်နဲ့ပြည်တွင်းဈေးကွက်ထဲ ရောက်လာနေတဲ့ Vivo V11 နဲ့V11i တို့ကို ဝယ်ယူအားပေးသူများအတွက်က သီတင်းကျွတ် အထူးအစီအစဉ်အဖြစ် ပြန်အမ်းငွေ cash back ၂ သောင်းနဲ့အတူ လက်ဆောင်ပစ္စည်းတွေ ပေးသွားမယ်လို့ဆိုပါတယ်။

WeChat Image_20181008113644_1280x906.jpg

Photo: Vivo

 

ဒီအစီအစဉ်ကို အောက်တိုဘာ ၇ ရက်ကနေ ၂၅ ရက်နေ့အထိ ၁၉ ရက်ကြာအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က ပြည်တွင်းဈေးကွက်မှာ တရားဝင် မိတ်ဆက်ခဲ့တဲ့ Vivo V11 နဲ့V11i တို့ကို စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန် ၊ မန္တလေးအပါအဝင် မြို့၅ မြို့မှာ first sale အဖြစ် စတင်ရောင်းချခဲ့တာပါ။

Vivo V11 နဲ့V11i တို့ဟာ မျက်နှာပြင် ၆.၄၁ လက်မ နဲ့၆.၃ လက်မအရွယ် Super AMOLED display နဲ့ထွက်လာတာ ဖြစ်ပြီး Vivo V11 ဟာ မှန်ပြင်အောက် လက်ဗွေစနစ် သုံးထားတာတာ ဖြစ်ပါတယ်။

Vivo V11i ကတော့ ကျောဘက် physical fingerprint scanner သုံးထားပြီး ဖုန်းနှစ်မျိုးစလုံးဟာ Halo FullView display သစ်ကြောင့် မှန်ပြင်နေရာယူမှုဟာ ၉၁.၂၇% ထိ ရှိနေပါတယ်။

ဒီဖုန်းတွေဟာ အလတ်တန်းစား processor ဖြစ်တဲ့ 2.0GHz Octa-core Snapdragon 660 chipset သုံးထားပြီး အမြင့်မော်ဒယ် Vivo V11 မှာတော့ RAM 6GB/128GB storage ပါရှိပါတယ်။ Vivo V11i ဟာ ဈေးကွက်မှာ RAM 4GB/128GB storage အဖြစ် ထွက်လာပြီး အားသွင်းစနစ်ပိုင်းမှာ Dual-Engine Fast Charging နည်းပညာ ပါရှိမှာ ဖြစ်ပါတယ်။

Photo: Vivo

 

Vivo V11 နဲ့Vivo V11i တို့ကို ပြည်တွင်းဈေးကွက်မှာ မြန်မာငွေ ၅၅၉၀၀၀ ကျပ်နဲ့၄၁၉၀၀၀ ကျပ်ဈေးနှုန်းများနဲ့ရောင်းချနေပါတယ်။

Share

Loading Next Article...
က္က